အခန်း (287)

1K 157 6
                                    

အခန်း (၂၈၇)

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဒီလောက်တောင် ကြီးမားတယ်လား

 

နောက်ဆုံးတော့ သူ ပေါ်လာပြီလား …

ချီရှောက်ရွမ်က စင်မြင့်ထက်တွင် မာန်ပါပါ ရပ်နေသည့် လူကို ကြည့်ကာ သူ့သွေးများ ဆူပွက်လာပြီး စိတ်အားထက်သန်လာမိသည်။

ထိုသူမှာ သူ့ စိတ်အားပြင်းပြမှု နှလုံးသားကို ပျောက်ဆုံးသွားလုနီး ဖြစ်စေသည့် အမျိုးသား ဖြစ်၏။

သူက တိုက်ခိုက်နိုင်စွမ်း ရှိပေမဲ့ ဝါစဉ်ကို သုံးပြီး ငါ့ကို ဖိနှိပ်ခဲ့တယ် …

နောက်ဆုံးတော့ အခုလို စစ်နတ်ဘုရား စင်မြင့်အထက်မှာ မျှမျှတတ တိုက်ခိုက်ပြီးတော့ ဘယ်သူက အရှေ့ပိုင်းလွင်ပြင်ရဲ့ အားအကောင်းဆုံး ပါရမီရှင်လဲဆိုတာ ကြည့်ရတာပေါ့

ချီရှောက်ရွမ်က သူ့ကောင်းကင်ပုဆိန်လှံရှည်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ သူ့လက်ဖဝါး၌ ရှားရှားပါးပါး ချွေးပင်စို့နေကြောင်း ခံစားမိလိုက်သည်။

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဒီတိုက်ပွဲကနေ သင်ပြပေးပါဦး ”

ချီရှောက်ရွမ်နှင့် မျက်နှာချင်းဆိုင် ရပ်နေသည့် ပုံရိပ်ကာ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ဟန်ပြလိုက်သည်။ သူက ပြုံးနေပြီး အင်မတန် ကြင်နာတတ်ပုံ ပေါ်နေသည်။ သို့သော်လည်း တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ပြီးနောက် ရှန်ထျန်းနောက်ရှိ သဏ္ဌာန်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ချက်ချင်းဆိုသလို စွမ်းအားတိုးတက်လာသည်။

သူ့တစ်ကိုယ်လုံးမှ မြူခိုးများ ထွက်ပေါ်လာကာ စင်မြင့်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။

မြူခိုးများ စင်မြင့်ကို လွှမ်းခြုံသွားသည်နှင့် ရှန်ထျန်းလည်း မြူခိုးအတွင်း ပျောက်ကွယ်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေသည့် ပွဲကြည့်ပရိတ်သတ်များပင်  ရှန်ထျန်းကို မမြင်ကြတော့ပေ။

စင်မြင့်ကား အရွယ်အစားအားဖြင့် ပေတစ်ထောင်လောက် ကျယ်ဝန်းသော်လည်း သာမန်ကျင့်ကြံသူများက ဤမြူခိုးအတွင်း ဆယ်ပေလောက်သာ မြင်နိုင်ကြသည်။

ကံကြမ္မာဖန်တတ်ပါ့လေ Book 2 [mm trans]Where stories live. Discover now