အခန်း (၃၆၄) : အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ကို ထူးခြားတာပဲ
ရွှေကျီး နတ်ဧကရာဇ်၏ ဂူဗိမာန်က ဖြည်းဖြည်းချင်း ပွင့်လာပြီး အားလုံး ရှေ့တွင် အာကာပြင်မုခ်ဝတစ်ခု ပေါ်ထွက်လာသည်။
သေချာတာတစ်ခုက ရွှေကျီးနတ်ဧကရာဇ်၏ ဂူဗိမာန်က သီးခြားကမ္ဘာငယ်ထဲသို့ ရောက်ရှိသွားသည့်အတွက် သာမန်ဂူဗိမာန်တစ်ခု မဟုတ်ပေ။
ထိုကဲ့သို့သော သီးခြားကမ္ဘာငယ်တွင် ဘယ်လိုမျိုး အန္တရာယ်နှင့် ကြုံတွေ့ရမည်ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။ အမှုမဲ့အမှတ်မဲ့နေပါက ဝိဇ္ဇာများပင် အသက်ဆုံးရှုံးနိုင်သည်။
သို့သော် နတ်ဧကရာဇ်၏ တည်ဆောက်ပုံနှင့် သဘောထားအရ ကျင့်ကြံသူက ဂူဗိမာန်ထဲမှာရှိနေသော နတ်ဧကရာဇ်ကို လေးလေးစားစား ဆက်ဆံပြီးတော့ အဓမ္မလုယူတာမျိုး မလုပ်ဖူးဆိုလျှင် များသောအားဖြင့် မျှော်လင့်ချက်မဲ့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရလေ့ မရှိပေ။
နေကိုးစင်း အထွတ်အမြတ်မြေက ငတုံးမီးဝိဇ္ဇာကိုပဲ ဥပမာအဖြစ် ကြည့်လိုက်လေ။ သူက ကျောက်ပြားကို တိုက်ခိုက်တော့ ကျောက်ပြားထဲမှာ နတ်ဧကရာဇ် သိုလှောင်ထားခဲ့တဲ့ စွမ်းအားက သူ့ကို တိုက်ခိုက်တာ အဆန်းတော့မဟုတ်ဘူး
နတ်ဧကရာဇ်တစ်ပါးကို မလေးမစားမလုပ်ရဘူးဆိုတာက ဒီအတိုင်းလျှောက်ပြောတဲ့စကား မဟုတ်ဘူးနော်
" ထျန်းအာ ... ဒီစစ်ဆေးမှုမှာ မင်းရဲ့ လုံခြုံရေးကို ရှေ့တန်းတင်ဖို့ မမေ့နဲ့နော်"
ကြာဖြူ ကောင်းကင်အသျှင်က ရှန်ထျန်းကို ကြည့်ကာ ပြန်လည်ကောင်းမွန် ဆေးလုံးပုလင်းများကို ပေးပြီး ပြောလိုက်သည်
" ငါ ဒီပြန်လည်ကောင်းမွန် ဆေးလုံးတွေကို သန့်စင်ထားခဲ့တာ။ ဒါကြောင့် မင်းအနေနဲ့ ဒါတွေကို ငြင်းလို့မရဘူးနော်"
ကြာဖြူ ကောင်းကင်အသျှင်၏ ကြင်နာမြတ်နိုးသော အကြည့်ကြောင့် ရှန်ထျန်း ရယ်ရမလိုလို ငိုရမလိုလိုဖြစ်သွားသည်။