မနက်ခင်းနေရောင်က ပြတင်းတံခါးမှတဆင့် မျက်နှာထက်သို့ သက်ဆင်းလာလေတော့ ခေါင်းအောက်က ခေါင်းအုံးကို ရင်ဘက်ထဲသို့ နေရာပြောင်းလိုက်ကာ ခန္ဓာကိုယ်ကို တစ်ပတ်လှိမ့်လိုက်သည်။
ထချိန်မို့ စိတ်ကနိုးနေသော်လည်း မျက်စိတို့က ဖွင့်လို့မရခြင်းကြောင့် ကုတင်ပေါ်တွင်ပင် ဟိုဘက်လှိမ့် ဒီဘက်လှိမ့် သုံးလေးခါလောက် ထပ်လုပ်ပြီးကာမှ ထထိုင်လိုက်သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ပထမဆုံးလုပ်လိုက်သည်ကတော့ ဘေးနားမှဖုန်းကိုယူကာ ကြည့်လိုက်ခြင်းပင်။
Messageလေးတစ်စောင်...။12:01am ဆိုသည့်စာတန်းလေး၏အောက်တွင် 'Happy birthday မောင်ယံ' ဟူသော မွေးနေ့ဆုတောင်းလေးတစ်ခု...။
ဟုတ်ပါရဲ့...။ဒီနေ့ဟာ သူ့မွေးနေ့။ သူမေ့နေခဲ့သည့် သူ့မွေးနေ့။ သူ့ဘဝရဲ့ကံဆိုးမှုတွေ စတင်ခဲ့တဲ့ သူ့မွေးနေ့...။
Dee...
'Happy birthday my fri မင်းမွေးနေ့ကို မလာပေးနိုင်တာ sorryကွာ'...
သူ့မွေးနေ့ကို သတိရပေးတဲ့သူဟာ လောကမှာ သူ့ကိုလေးလေးနက်နက်ချစ်တဲ့ နွေးဆိုတဲ့ချစ်သူရယ် မွေးကတည်းက သူ့ကိုနားလည်တဲ့ တစ်ယောက်တည်းသော သူငယ်ချင်းရယ်ပဲရှိသည်။
မိဘတွေဆီကလား...
မွေးနေ့လက်ဆောင်တွေ မွေးနေ့ဆုတောင်းစကားတွေ ရတာပေါ့...။ သူတို့သမီးဆုံးတဲ့နေ့နဲ့ ကောင်းကင်ယံကို မွေးတဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် တစ်ထပ်တည်းကျနေသည်ကိုး။ သို့သော်လည်း မိဘတွေပေးတဲ့ မွေးနေ့လက်ဆောင်ဟာ သူ့မွေးနေ့အတွက်ပေးခြင်း မဟုတ်တာတော့ သေချာပါသည်။ဒီနေ့တော့ ကျောင်းကိုတစ်ယောက်တည်းသွားရတော့မည်။ အကြောင်းမှာ 'ကိစ္စလေးရှိလို့ ဒီနေ့ကျောင်းမတက်ဖြစ်ဘူး ဂရုစိုက်ပြီးကျောင်းကိုသွားနော် မောင်ယံ' ဆိုသည့် messageလေးက ကျောင်းယူနီဖောင်းလဲနေချိန်တွင် ဝင်လာလေခြင်းကြောင့်ပင်။
ချစ်သူသက်တမ်း နှစ်ပတ်ကျော်သုံးပတ်ပြည့်ခါနီးအချိန်အတွင်း ကျောင်းတက်ရက်တွေဆို ကျောင်းမှာတွေ့ရပြီး ကျောင်းပိတ်တွေဆို အပြင်မှာတွေ့ဖြစ်သည်။ ယနေ့လို မတွေ့ဖြစ်သည့်နေ့ဆိုတာ မရှိ။
CZYTASZ
လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာ
Romansပျော်ရွှင်မှုဆိုတာ ဘာလဲတဲ့... ငါတော့ လူသားလေးတစ်ယောက်ကို လက်ညိုးထိုးပြခဲ့တာပဲ...။ လွဲမှားခဲ့လေသော purple-lynn (4.7.20...