Part 6(Uni)

140 7 0
                                    

'ငါ့ရဲ့လက်ကိုတွဲ ကျောင်းကိုအတူသွားမယ်

ကျောင်းမရောက်ခင်ထိ စကားကိုဖောင်ဖွဲ့လို့

မင်းအပြုံးကိုငါ ကြည့်မိလိုက်တိုင်း ရင်မှာကြည်နူးသွားတယ်...

သိပ်ချစ်တဲ့ သူ့ရဲ့ပါးမှာလိမ်းခြယ်ထားတဲ့ သနပ်ခါးနဲ့
ရယ်လိုက်ရင် ပါးချိုင့်လေးက ရူးသွားလောက်တာ တကယ်လားပဲ...ဟေး...ရီး..ရေး..

နှလုံးသားက ပွင့်ထွက်လာ...'

သီချင်းကိုတောင် အဆုံးမသတ်နိုင်သည်အထိ တစ်နေရာရာတွင် စိတ်တို့မျောလွင့်သွားရသည်။ အပြာရောင် ရင်ဖုံးအင်္ကျီဆန်းဆန်းလေးကို ထဘီနဲ့ယဉ်အောင် တွဲဝတ်ထားသော‌ နွေးက လှသည်ဆိုတာထက် ပိုသည့်အပြင် ခြေဖမိုးနုနုမှာ နေရာယူထားတဲ့ ကတ္ထီပါဖိနပ်လေးဟာလည်း 'ခြေတစ်လှမ်း ကုဋေတစ်သန်း'ဟူသော စာသားလေးကို ပိုကာအသက်ဝင်စေသည်။

ညကဖုန်းပြောတုန်းက နွေးက 'ဘုရားသွားမယ်'လို့ပြောပြီး အင်္ကျီအရောင်ကအစ ရွေးပေးလေသည်။ ထို့ကြောင့် သူသည်လည်း စတစ်လက်ရှည်နှင့် အပြာရောင်အကွက်စိတ်ပုဆိုးကို ဝတ်ဆင်ထား၏။

ဒီနေ့လေးဟာ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း တစ်လပြည့်တဲ့နေ့ပင်။ Happy first Monthsery ဆိုသည့်စကား‌လေးကတော့ သူ့ကိုစတွေ့တွေ့ချင်း နွေးထံမှ ထွက်ပေါ်လာသော စကား‌လေးပင်။ သူသည်လည်း one month to foreverလို့ပြန်ပြောလိုက်တော့ ပြုံးကာရှက်သွားသည့်အမူအရာလေးဟာ ကောင်းကင်ယံရဲ့ နှလုံးသားလေးထဲ အမြဲသိမ်းထားမယ့် ပုံရိပ်ငယ်လေး။

ဘေးချင်းယှဉ်ကာ တွဲလျှောက်နေကြသော ကောင်းကင်ယံနဲ့‌နွေးဟာ နေနှင့်လ ရွှေနှင့်မြလို ရှေ့‌သွားနောက်လိုက်ညီပြီး လိုက်ဖတ်လွန်းလှသည်။ သူတို့နှစ်ယောက်ရဲ့လိုက်ဖတ်မှုကို အားကျကာလိုက်ကြည့်နေကြသော လူတွေဟာလည်း လမ်းတစ်လျှောက်တွင် ဟိုဟိုဒီဒီရှိနေပြန်၏။

ဘုရားကိုရောက်တော့ ဘုရားအဝင်ဝရှ်ိ ပန်းရောင်းနေသော ကလေးငယ်လေးတွေဆီက ရွှေပန်း ငွေပန်းများနှင့်အတူ ကံ့ကော်ပန်းများကိုလည်း ဝယ်လိုက်သည်။ ထို့နောက်တွင်တော့ ဘုရားပေါ်သို့...

လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာWhere stories live. Discover now