Part 4(Uni)

197 10 0
                                    

မနက်ခုနှစ်နာရီလောက်မှာ ကမန်းကတန်း မျက်နှာထသစ်၊ ရေမိုးချိုး အဝတ်အစားလဲ လုပ်နေရတဲ့ ကောင်လေးဟာ အိပ်မက်တွေ အမက်လွန်သွားတယ်နဲ့ တူပါရဲ့။

အားလုံးပြင်ဆင်ပြီး နာရီကိုကြည့်မိတော့ ရှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်အလို။ ချိန်းတုန်းက အချိန်အတိအကျ မပြောပေမယ့် ဒီအချိန်ဟာ နောက်ကျသွားမှာကို စိုးရိမ်မိသည်။

'နွေး‌' နေထိုင်သည့် တိုက်ဆီသို့ရောက်အောင် အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးသွားလိုက်ပြီးနောက် တိုက်အောက်ရောက်တော့ နွေးဆီဖုန်းဆက်ခေါ်လိုက်သည်။  အခန်းဆီ တက်သွားလို့ရသော်လည်း ပတ်ဝန်းကျင်ကရှိသေးသည်။ နွေးကို အထင်သေးသွားမှာမျိုးကို သူမလိုလား။

ဖုန်းဆက်ပြီး ခဏအကြာ အဖြူရောင်ဟူဒီလေးကို ခဲရောင်ဘောင်းဘီရှည်နဲ့ တွဲဝတ်ထားတဲ့ မြတ်နိုးရာလေးရောက်လာသည်။ သူ့ကိုမြင်တာနဲ့ ပြုံးပြနေတော့ အနည်းငယ်ခွက်ဝင်သွားသည့် ပါးချိုင့်တို့ကို ခပ်ရေးရေးမြင်နေရသည်။ ဆံနွယ်တွေအားလုံးကို အမြင့်တွင်စုစည်းထားခြင်းကြောင့် ချစ်ဖို့ကောင်း‌သော မျက်နှာလေးက ထင်းခနဲ။

"အဟမ်း! ကြည့်လို့ဝရင်လည်း သွားကြမယ်လေ"

ငေးနေမိတာ ဘယ်လောက်တောင်ကြာသွားလည်းဆို နွေး သတိပေးရသည်အထိ‌ပင်။ ကြည့်လို့မဝသေးဘူး လို့ခေါင်းခါပြလိုက်ချင်သော်လည်း မဖြစ်။

"အင်း သွားမယ်"

ဂွီ!

ဘယ်ဗိုက်ရယ်လို့ ရှာစရာမလိုအောင် ကောင်းကင်ယံ သူ့ကိုယ်သူသိပါသည်။ မနက်က အိပ်ရာထနောက်ကျလို့ မနက်စာဘက် ခြေဦးတောင်မလှည့်မိခဲ့။ နောက် စားမယ့်နေရာရောက်မှစားလိုက်မယ်ဟု သည်းခံရန်ပြင်လိုက်သော်လည်း သူ့ဗိုက်ထဲက အချက်ပြသံကို နွေးတစ်ယောက် ကြားဖြစ်အောင်ကြားလိုက်သေးသည်။

"မနက်စာမစားခဲ့ရသေးဘူးလား"

"ဟင့်အင်း မနက်က အိပ်ရာထနောက်ကျသွားလို့"

"အဲ့တာဆို ဆိုင်တစ်ဆိုင်မှာ အရင်ဝင်စားကြမယ်လေ"

နှစ်ဦးသားလုံး ဆိုင်တစ်ဆိုင်ထဲဝင်ကာ မနက်စာကို အရင်ဝင်စားလိုက်ကြသည်။ စားတာတော့ နှစ်ယောက်လုံးမဟုတ်ပေ။ ကောင်းကင်ယံတစ်ယောက်သာ စားတာဖြစ်ပြီး နွေးကတော့ ထိုင်စောင့်ပေးနေလေသည်။ နွေးကို မစားဘူးလားမေးတော့ စားပြီးခဲ့ပြီတဲ့။ ဒီလိုဆို သူအိပ်ရာထနောက်ကျတာကြောင့် နွေး အချိန်တွေအကြာကြီးစောင့်လိုက်ရသည်လား။ ကောင်းကင်ယံ နွေးကိုအားနာမိသည်။

လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာWhere stories live. Discover now