လွဲမှားခဲ့လေသော...လြဲမွားခဲ့ေလေသာ...

195 4 7
                                    

Uni

အခန်းတစ်ခုလုံးကို မီးမှောင်ချပြီး ကြိတ်ငိုတာဟာ သူ့ဘဝတစ်လျှောက် နေ့စဉ်ပြုလုပ်နေကျ အပြုအမူတွေထဲက တစ်ခု။ ငိုနေရင်းနဲ့ အိပ်အိပ်ပျော်သွားတတ်တာဟာလည်း ပုံမှန်ဖြစ်ရပ်တစ်ခု။ ကျင့်သားရနေပါပြီလေ...။

ကျဲကျဲတောက်ပူတဲ့ နေရဲ့အလင်းကတောင် သူ့ဘဝကိုလင်းထိန်အောင် မလုပ်ပေးနိုင်ရှာဘူးတဲ့။ နေ့ဘက်တွေမှာတောင် သူ့ဘဝဟာ အမှောင်ကြီးစိုးတဲ့ ငရဲခန်း...။

လွတ်မြောက်ချင်တယ်...။
ရုန်းထွက်ချင်တယ်...။

ဒါ့ကြောင့် သူပြေးခဲ့တယ်။
တစ်လမ်းပြီးတစ်လမ်း... တ‌စ်နေရာပြီး တစ်နေရာ...။
ပါးထက်ကျလာတဲ့အရည်တချို့ကို မိုးရေတွေလို့မှတ်ယူပြီး လျစ်လျူရှု ပြေးလွှားနေခဲ့တယ်။

တစ်စက္ကန့်လေးတောင်မှ မရပ်နားခဲ့ဘူးတဲ့။ မောပန်းနေတဲ့အချိန်တွေမှာတောင် ရပ်တန့်ဖို့ မေ့နေခဲ့ပြီး အသက်ရှူဖို့ကိုတောင် တခါတလေ မေ့နေတတ်သေးတယ်။ လွတ်မြောက်ချင်လွန်းလို့လေ...။ မွန်းကြပ်မှုတွေအောက်ကနေ လွတ်ထွက်ချင်လွန်းလို့...။

ဒီလောက်ကြိုးစားပြီး ပြေးခဲ့တာတောင် အရိပ်ဆိုးရဲ့အုပ်စိုးမှု‌အောက်ကနေ မလွတ်မြောက်နိုင်တဲ့ ရက်တွေဆိုတာဟာလည်း တခါတရံ သူ့ထံရောက်ရှိလာတတ်ပြန်တယ်။ အဲ့လိုနေ့တွေဆို ပုံမှန်လိုပဲ မှောင်မိုက်တဲ့အခန်းလေးထဲ မျက်ရည်မိုးတို့ သွန်းဖြိုးရပြန်သတဲ့။

ဆေးထည့်လိုက် ကုတ်ဖဲ့လိုက်လုပ်ရင် အနာမပျောက်သလို သူသည်လည်း ‌မပျောက်ကင်းနိုင်တဲ့ အနာမျိုးကို ရရှိထားသည်လား...။ဒါမှမဟုတ် စစ်မှန်တဲ့ဆေးကို မတွေ့ရှ်ိသေးတာလား...။

ဒီလိုတွေရှင်သန်လာခဲ့ရင်း တစ်နေ့တော့ ပျော်ရွှင်မှုဆိုတာကို ခံစားသိနိုင်အောင်ထင်ပါရဲ့...။ သူ့ရဲ့နံရိုးပိုင်ရှင်လေးကို ဘုရားသခင်က ဖန်ဆင်းပေးခဲ့လေတယ်။

'နေခြည်နွေး'တဲ့...
နာမည်နဲ့လိုက်အောင် သူ့ဘဝကို နွေးထွေးမှုတွေပေးတဲ့ ထိုမိန်းကလေး...။

ထိုမိန်းကလေး သူ့အနားရောက်လာတဲ့နေ့ကစလို့ အမှောင်ထုတွေဆိုတာ ဘယ်ဆီရောက်လို့ ဘယ်ကိုပေါက်လဲ သူမသိ။ မွန်းကြပ်မှုဆိုတာ ဘောင်မဝင်တော့တဲ့ စွန့်ပစ်ပစ္စည်းတစ်ခုလို။

လွဲမှားခဲ့လေသော လြဲမွားခဲ့ေလေသာDonde viven las historias. Descúbrelo ahora