Part 15

1K 124 34
                                    

Zawgyi :

ခြောက်နှစ်အကြာမှ အိမ်ပြန်လာခဲ့ချိန်မှာ လီယန်းရဲ့အရာရာဟာ မပြောင်းမလဲပဲရှိနေသေးသလို မင်းသမီးဖြစ်သူ လီဆာကို ချစ်ခင်ကြခြင်း အားရ၀မ်းသာ ကြိုဆိုခြင်းတို့ကလဲ မပြောင်းမလဲခဲ့သေးပေ။

နန်းတော်သို့ရောက်ချိန်မှာ အထိန်းတော်နှင့် အခြွေအရံတို့က လာရောက်ကြိုဆိုပြီး အဆောင်တော်ကို ပြန်လာခဲ့သည်။

" အစ်မတော် "

အဆောင်တော်ဆီပြန်နေတုန်း အသံသေးသေးလေးကြောင့် လီဆာ ပြုံးမိသလို အသံလာရာကိုလှည့်ကြည့်တော့ ငါးနှစ်အရွယ် ဖြူဖြူသေးသေး ကလေးပေါက်စကလေးက ရံရွေတော်တွေနဲ့အတူ လီဆာ့ဆီ ပြုံးရွှင်စွာပြေးလာ၏။

" အာာ မင်းသမီးသေးသေးကလေးပဲ လာပါဦး ဒီကို "

လီဆာ့ ရှေ့ရောက်လာတဲ့ မင်းသမီးသေးသေးလေးကို လီဆာပွေ့ချီလိုက်တော့ မင်းသမီးသေးသေးလေးက လီဆာ့ လည်တိုင်လေးကိုဖက်တွယ်ကာ ပြုံးရွှင်နေ၏။

" လူဒါလေးက အစ်မတော်ကိုလာကြိုတာလား "

" ဟုတ်ကဲ့ အစ်မတော် "

မင်းကြီး လီရန်းနဲ့ မိဖုရားကြီးတို့ရဲ့ ဒုတိယသမီးတော် လီဆာ့ ညီမငယ်လေးဖြစ်သည့် မင်းသမီးလေး လူဒါက အစ်မဖြစ်သူကို ခင်မင်တွယ်တာလွန်းသူဖြစ်သလို လီဆာ ပညာသင်သွားနေစဉ်အခါက ခမည်းတော် မယ်တော်တို့နှင့်အတူ အမြဲလိုက်ပါလာကာ လီဆာ့ကို မပျက်မကွက်လာတွေ့လေ့ရှိသည်။

လီဆာကလဲ ညီမလေးဖြစ်သူ လူဒါကို အလွန်အမင်းချစ်ခင်သလို လူဒါလေးမွေးဖွားခဲ့စဉ်က အောင်မြင်ခြင်း ပြီးမြောက်ခြင်း ဖြည့်ဆည်းနိုင်ခြင်း ပြည်သူများ၏အချစ်ကိုရခြင်း တို့ကိုအဓိပ္ပါယ်ယူ၍ အီလူဒါ (Lee LuDa) ဟု လီဆာ ကိုယ်တိုင် နာမည်ပေး၍ မင်းသမီး လီဆာ ပရန်ပရီယာ၏ တစ်ဦးတည်းသော ညီမတော် အဖြစ်တစ်လောကလုံးကို ကြေညာခြင်းပြုခဲ့သည်။

" အစ်မတော် ဒီတစ်ခါ ဘယ်မှမသွားတော့ဘူးမလား လူဒါနဲ့ အတူနေမှာမဟုတ်လား "

" ဟုတ်တာပေါ့ အစ်မတော်က ဒီနန်းတော်ထဲမှာ ညီမတော်လေးနဲ့အတူ နေပြီး ခမည်းတော်ကိုလဲ ကူညီပေးသွားမှာ "

Kryptonite(You will never be my 'kryptonite' )Where stories live. Discover now