*CHAPTER-7*

4 0 0
                                    

ဂွီ

အသွေး တစ်နေ့လုံး ဘာမှမစားထားတာကြောင့် ဗိုက်ထဲကနေအချက်ပြလာခဲ့သည်။ အိပ်ရာပေါ်မှာ ကွေးနေရာကနေ ထထိုင်ပြီး ကုတင်ဘေးက ဖုန်းကို ယူကာ ဧည့်ခန်းကို ပြန်ထွက်လာခဲ့သည်။ အပြင်မှာ မိုးကမတိတ်သေးဘဲ ခပ်ဖွဲဖွဲ ရွာနေတုန်း။ ဖုန်းနဲ့ စားဖို့ လှမ်းမှာလိုက်ပြီး ခုံမှာ ထိုင်စောင့်နေရင်း သေသွားရင် ကောင်းမည်ဟု တွေးမိသည်။သို့သော် အသွေးက နာကျင်ရမှာကို အလွန်ပင်ကြောက်၏။ မနာမကျင်နဲ့ ကြီးကြီးမားမားဝေဒနာ မခံစားရဘဲ သေသွားရင်တော့ ကောင်းမည်။

တီးတောင်

ဘဲလ်မြည်သံကြောင့် စားစရာ လာပို့ပြီဆိုတာ သိလိုက်ရ၏။ နေရာမှထကာ အထုတ်ပြန်ယူပြီး ပြန်လာခဲ့ရသည်။ ထမင်းဘူးတစ်ဘူးသာ မှာထားတာဖြစ်၏။မီးဖိုချောင်ကိုသွားကာ ရေခဲသေတ္တာထဲက ရေတစ်ဘူးယူလာပြီး စားဖို့ ပြင်လိုက်သည်။ စားပွဲပေါ်မှာ‌ရှုပ်နေသည့် ပစ္စည်းတွေကို ဘေးကိုတွန်းပို့လိုက်ပြီး နေ့စဉ်ဘ၀ရဲ့ တာ၀န်တစ်ခုကို မပျက်မကွက် ထမ်းဆောင်လိုက်သည်။

ပါးစပ်ထဲကို အလုတ်ကြီးကြီးတစ်လုတ်ထည့်သွင်းလိုက်ပြီး မျက်လုံးတွေက ဂနာမငြိမ် ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသည်။ ကိုယ် လေးနှစ်လောက်နေလာတဲ့ အခန်းပင်မဲ့ ပထမဆုံးရောက်ဖူးသူလို မျက်လုံးကစားနေမိသည်။

မျက်လုံးတွေ အဆုံးသတ်သွားတဲ့ နောက်ဆုံးနေရာက စားပွဲပေါ်က ဘေးကို တွန်းဖယ်ထားတဲ့ ပစ္စည်းတွေထဲက ဓာတ်ပုံလေးပုံဆီကိုသာ။လက်က တူကိုချကာ အကြည့်တွေဦးတည်ရာဆီက ဓာတ်ပုံကို လက်ဦးတည်လိုက်သည်။

ဒီပုံက ဓာတ်ပုံလေးပုံထဲမှာ အထူးခြားဆုံးပုံသာ ဖြစ်နေလိမ့်မည်။ ဘာလို့လဲဆိုတော့ ဒီပုံက လေးပုံထဲမှာ မှ အသွေးပါးချိုင့်တွေကို မမြင်ရသည့် တစ်ခုတည်းသောပုံဖြစ်သည်။ တိတိကျကျပြောရရင်တော့ ပါးချိုင့်တွေကို မမြင်ရသည့်အပြင် အသွေးရဲ့ မျက်ခုံးတွေကပါ တစ်စုံတစ်ရာကို အလိုမကျသလို တွန့်ချိုးထားသေးသည်။ ဒါပေမဲ့ ဒီပုံကို အသွေး အလွန်ပင် သဘောကျ၏။

မျက်နှာအမူအရာပျက်နေသည့် အသွေးပုံဆိုပင်မဲ့ ဘေးကပါရမီဖြည့်ဖက်ကတော့ အသွေးပါးချိုင့်တွေပေါ်လာဖို့ တစ်ခုခုကို ကပ်တိုးပြောနေခဲ့သည့်ပုံ မဟုတ်ပါလား။

PROMISEWhere stories live. Discover now