*CHAPTER-1*

21 1 0
                                    


နေရောင်ခြည် မရှိတော့တဲ့ ညနေခင်း တစ်ခုတွင်မိုးခပ်အုံအုံ ရာသီဥတု နှင့်အတူ အမည်းရောင် တိမ်တိုက်ကြီးများ ကောင်းကင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ပျံ့လွင့်လို့ နေသည်။

ထိုရာသီဥတုကြောင့် အလုပ်လုပ်ရ၍ ပင်ပန်းနေတဲ့ စိတ်က ပိုပြီး အခြေအနေ ဆိုးသွားသော လူတစ်ယောက်သည် ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ရှိတဲ့ လူနေ အဆောက်အဦး တစ်ခု ထဲသို့ ၀င်သွားသည်။

ကိုယ့်အခန်းကို မသွားခင် စာတိုက်ပုံးထဲမှ စာတွေကိုလည်း ယူဆောင်လာခဲ့သည်။

အိတ်ထဲက သော့ကိုထုတ်ပြီး အခန်းတံခါးကို ဖွင့်လိုက်၏။

အခန်းထဲကို ရောက်ရောက်ချင်း မှောင်မည်းနေသော ကြိုဆိုမည့်သူ မရှိတဲ့ တိုက်ခန်းက ၀င်လာတဲ့သူကို နောက်ပြောင် ကျီစယ်လိုက်သလိုပင်။

အခန်းမီးဖွင့်လိုက်ပြီး လွယ်အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချကာ ဆိုဖာပေါ်ကို တစ်ကိုယ်လုံး ပစ်တင်လိုက်သည်။

ဘာအလုပ်လုပ်မှ ထပ်မလုပ်ချင်လောက်အောင်ကိုပင် ပင်ပန်းလှသည်။ဒါပေမဲ့ ရှေ့လာမဲ့ အပတ်က ရုံးပိတ်ရက် ဖြစ်တာကြောင့် အသက်ရှူတော့ နည်းနည်းချောင်ရသည်။

အောက်ဆုံးထိ ကျနေတဲ့ စိတ်တွေကို ဆွဲတင်ကာ ပြန်အားတင်းလိုက်ပြီး စာတွေပစ်တင်ထားတဲ့ စားပွဲခုံဆီကို သွားကာ စာတွေ စစ်ဆေးလိုက်၏။

Billပေးဆောင်ရန် အသိပေးလာသည့် စာတွေသာ ဖြစ်ပြီး ကိုယ်တောင် မသိလိုက်ဘဲ မျှော်နေမိတဲ့ စာကတော့ မပါလာခဲ့။

ဖွင့်ဖတ်မဲ့ ရည်ရွယ်ချက် မရှိသလို စာသာ ရောက်လာခဲ့လျှင်လည်း လွှင့်ပစ်မှာ ဖြစ်ပင်မဲ့ အဲ့ဒီရောက်လာမဲ့စာကိုတော့ မသိလိုက်ဘဲ မျှော်နေမိခဲ့သည်တဲ့လား။

မျက်၀န်းက ထွက်ကျလုဆဲ ဖြစ်နေတဲ့ မျက်ရည်တွေကို လက်ခုံဖြင့် ပွတ်သုတ်လိုက်သည်။

အသက်ရှူလို့မရလောက်တဲ့အထိ ရင်တွေလည်း မွန်းကြပ်လာသည်။

သူ မျက်ရည်တွေ ကျလို့ မဖြစ်သလို ဘယ်နည်းနဲ့မှ ဘယ်လို အကြောင်းကြောင့်နဲ့မှ သူငိုမှာ မဟုတ်ပါ။အထူးသဖြင့် ထိုလူအတွက်ကြောင့်ပေါ့။

PROMISEDonde viven las historias. Descúbrelo ahora