လွန်ခဲ့သည့် ၂၂ နှစ်ခန့်က
မှော်ဘီမြို့က ခြံကျယ်ကြီးတစ်ခုတွင် စိမ်းစိမ်းစိုစို သစ်ပင်ကြီးများ ခြံရံထားသော ခိုကိုးရာမဲ့နေတဲ့ ကလေးတွေ နားခိုရာ မဟော် မိဘမဲ့ဂေဟာကြီး တည်ရှိသည်။
ဂေဟာကို တည်ထောင်သည့်သူက လွန်ခဲ့တဲ့ လေးနှစ်ခန့်က တစ်ဦးတည်းသော သားဖြစ်သူ ဆုံးပါးသွားသည့် အချိန်မှာ မိဘမရှိတော့တဲ့ ကျန်ရစ်သူ မြေးလေးကို တာ၀န်ယူ စောင့်ရှောက်ထားရာမှ စတင်ပြီး ဂေဟာကို တည်ထောင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
စစချင်းမှာတော့ မိဘတွေမရှိတော့သည့် ကလေး ၅ယောက်လောက်သာ သူ့အိမ်တွင် ခေါ်ပြီး စောင့်ရှောက်ထားခဲ့ပင်မဲ့ အရင်ကတည်းက မိတ်ဆွေတွေ စီးပွားဖက်တွေ ပေါများခဲ့ပြီး စိတ်ရင်းစေတနာ ကောင်းသည့် သူအတွက် လှူဒါန်းချင်သူများ ကူညီချင်သူများက ပေါများကာ ဂေဟာ တည်ထောင်ဖို့ အကြံဉာဏ်ပေးလာခဲ့ကြသည်။
သို့သော် ဂေဟာကို တည်ထောင်ပြီးရင် တာ၀န်ယူရမှာတွေ များလာမှာဖြစ်သည့်အတွက် အစပိုင်းကတော့ တွေဝေမိခဲ့သည်။
ဒါပေမဲ့ မြေးလေးဆိုရင် အဖိုးဖြစ်သူ ကိုအားကိုးလို့ရသေးပင်မဲ့ တချို့ကလေးတွေမှာ အားကိုးစရာ ဘယ်သူမှ မရှိသည်ကို စဉ်းစားမိကာ ဂေဟာ တည်ထောင်မည့် အကြံဉာဏ်ကို လက်ခံခဲ့သည်။
ဂေဟာ တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ မြေနေရာ လှူဒါန်းသူများရော ဂေဟာ ဆောက်ဖို့အတွက်ပါ မတည် ကြသူများ အသီးသီး ရောက်ရှိလာကြသည်။လက်ရှိအချိန်မှာတော့ ဂေဟာ တည်ထောင်ရသည့် အကြောင်းအရင်း ဖြစ်တဲ့ မြေးလေးပင် ၅နှစ်အရွယ်ကို ရောက်နေပြီ ဖြစ်၏။
ထို့အတူ ဂေဟာတွင်လည်း ၀န်ထမ်းပေါင်း ၁၅ယောက် ရှိပြီး ကလေးကလည်း အယောက်ပေါင်း ၅၀ နှင့် ခိုလှုံရာ အိမ်ရှာတွေ့သွားသော ကလေးကလည်း ၁၀ယောက် ရှိပြီ ဖြစ်သည်။
ဒီနေ့တွင်လည်း ဂေဟာကို ကလေးအသစ်တစ်ယောက် ထပ်ရောက်လာမှာ ဖြစ်သည့်အတွက် ဦးမင်းမဟော် ရုံးခန်းထဲတွင် စောင့်နေခြင်း ဖြစ်သည်။
လာပို့မည့် ကလေး၏ ကိုယ်ရေးရာဇ၀င်နှင့် အချက်အလက်တွေကို နောက်တစ်ခါ ထပ်ဖတ်လိုက်သည်။
ŞİMDİ OKUDUĞUN
PROMISE
Romantizm"သက်ဆုံးတိုင် အတူတကွ ရှိသွားကြမယ်"ဆိုတဲ့ ကတိစကားကို ဆိုခဲ့တဲ့ ကလေးနှစ်ယောက်က သူတို့ရဲ့ အနာဂတ်မှာ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာကို မသိခဲ့ကြဘူး ထင်ပါရဲ့... PROMISE