*CHAPTER-9*

6 0 0
                                    

အသွေး လျှန်ရဲ့အကျီစကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်ထားမိလိုက်ပင်မဲ့ နှုတ်ဖျားကတော့ ဘာစကားမှမထွက်လာခဲ့ပေ။ အသွေးကိုနောက်ကျော‌ပေးထားတဲ့ လျှန်က ဖြည်းဖြည်းချင်း အသွေးဘက်ကို လှည့်ကြည့်လာ၏။

သို့သော် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပြုံးစစဖြစ်နေသည့် ဘုန်းလျှန်ထက်ရဲ့ မျက်နှာအမူအရာက စက္ကန့်ပိုင်းအတွင်း ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားတော့သည်။

"ဟင်!!??အသွေး မင်း ငိုနေတာလား? မငိုပါနဲ့ကွာ..။ငါကစတာ..။တိတ် တိတ်"

ငိုနေတယ်!?အသွေး လျှန်ရဲ့စကားကို ကြားတော့မှ လက်ကိုမြှောက်ကာ ပါးပြင်ကို စမ်းကြည့်လိုက်တော့ ခံစားလိုက်ရသည်က မျက်ရည်ပူများပင်။ တကယ်ကို အသွေး ငိုနေခဲ့သည်ပင်။ အသွေးကိုယ်တိုင်ပင် မသိလိုက်ပါပဲ မျက်၀န်းအိမ်ကနေ အဆီးအတားမရှိ ကျဆင်းနေသည့် မျက်ရည်ပူများ..။

လက်ထဲမှာ ကိုင်ထားသည့် မီးပုံးနှစ်ခုကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး လက်ဖြင့် အသွေး မျက်ရည်တွေကို သုတ်ပေးနေသည့် လျှန်ရဲ့ လက်တွေမှ အသွေး ရှောင်ရှားလိုက်၏။ ပြီးတော့ လျှန့်မျက်နှာကို တစ်ချက်မကြည့်ဘဲ ခြေဆောင့်ကာ ကိုယ့်ကုတင်ပေါ် ကိုယ်တက်ပြီး စောင်ခေါင်းမြီးခြုံကာ နေလိုက်သည်။

နေပေါ့။ သူများတွေနဲ့ ပျော်ချင်တာများ အသွေးတို့က တားမယ်ထင်နေလား? မတားပါဘူး။ ကိုယ့်ကို မလိုချင်‌တဲ့သူပဲ အတင်းတွေ‌ တောင်းဆိုပြီးမှ နေမယ်ဆိုရင်တော့ သွားပါ‌စေ။

သွေးမဟော်တစ်ယောက် စိတ်ထဲမှာ ဘုန်းလျှန်ထက် ကို အမျိုးမျိုး ကျိန်ဆဲပြီး သူ့ရှေ့မှာ မျက်ရည်ကျမိတဲ့ ကိုယ့်ကိုယ်ကို ရှက်လည်းရှက် အပြစ်လည်းတင်နေမိတော့သည်။ အသွေးတို့က တစ်ခုခုဆို မျက်ရည်က အရင်ကျပြီးသားပဲ။ ထိုအကျင့်ကြီးက ပြင်ဖို့လည်း ခက်လှ၏။

"အသွေး စိတ်မဆိုးပါနဲ့ကွာ..။ငါက မင်းမလိုက်မှာစိုးလို့ ဒီအတိုင်း ပြောလိုက်တာပါ"

"...."

"အသွေး?"

"..."

"ငါ ဒီနေ့ တစ်မနက်လုံး မင်းအတွက်ဆိုပြီး လုပ်လာတဲ့ မီးပုံးကိုတောင် မကြည့်တော့ဘူးလား အသွေး? ဟင်? အသွေးလို့?"

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Sep 25, 2022 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

PROMISEDove le storie prendono vita. Scoprilo ora