*CHAPTER-4*

8 1 0
                                    

ကိစ္စတွေပြီးပြတ်သွားတော့ ‌ဦးစည်သူ ပြန်ဖို့ ပြင်သည်။ မပြန်ခင် တူဖြစ်သူနဲ့ သီးသန့် စကားခဏပြောချင်ကြောင်း ပြောလာခဲ့သည်။

ဦးမင်းမဟော် လက်ခံလိုက်ပြီး မြေးဖြစ်သူကိုလက်ဆွဲပြီး ဝေးရာမှာ စောင့်နေလိုက်သည်။

ဦးစည်သူအတွက်လည်း ခက်ခဲပေလိမ့်မည်။ တစ်ဦးတည်းသောအကိုဖြစ်သူ ရဲ့ သွေးသားကို လူစိမ်းတွေနဲ့ ထားပစ်ခဲ့ရမှာ စိတ်မချ ဖြစ်နေပုံပင်။ဒါပေမဲ့လည်း ဦးစည်သူအတွက်လည်း ရွေးချယ်စရာက ဒီတစ်ခုပဲ ရှိနေခဲ့သည်လေ။

  သူ့အိမ်မှာ ဆက်ထားရင်လည်း ကလေးကို စိတ်ဒဏ်ရာတွေသာ ထပ်ပေးသလို ဖြစ်နေလိမ့်မည်။ ဆုပ်လည်းစူး စားလည်းရူးပဲပေါ့။ အဲ့တော့လည်း လွှတ်ချလိုက်ရုံမှ အပ ဘာများတတ်နိုင်မှာလဲ?

အခုလည်း သူ့တူအတွက် ထောက်ပံ့စရိတ်ကို လတိုင်းပေးပို့ပေးမည့်အပြင် ဂေဟာကိုလည်း အလှူငွေ ထည့်ပေးနေမည် ဖြစ်သည်။

အခု ဂေဟာက ကလေးတွေကို ပရဟိတ အနေနဲ့ စာလာသင်ပေးနေတဲ့ လူငယ်လေးတွေရှိသည်။ ပြီးတော့ တစ်ပတ် နှစ်ခါလောက်လည်း အထူးအနေနဲ့ ပုံဆွဲလာသင်ပေးတာတို့ စက်ချုပ်လက်ချုပ်တို့ စတဲ့ အရာတွေကို လာသင်ကြားပေးသူတွေလည်း ရှိသည်။

ဦးမင်းမဟော် ထိုအစီအစဉ်ကို လုပ်ရခြင်းက ဒီက ကလေးတွေထဲမှာ ကျောင်းစာမဟုတ်ဘဲ တခြားအရာကို ဝါသနာပါတဲ့ကလေးတွေ ကိုယ်စိတ်အားထက်သန်ရာကို ရှာတွေ့ဖို့ မျှော်လင့်သောကြောင့် ဖြစ်သည်။

ဒီမြို့မှာ အထက်တန်းကျောင်းက တစ်ကျောင်းတည်းသာ ရှိပြီး ‌ဂေဟာကနေဆိုရင် ၁နာရီလောက် ဘတ်စ်ကားစီးပြီး သွားရသည်။

အဲ့ဒီ့ကျောင်းရဲ့ ကျောင်းအုပ်က ဦးမင်းမဟော်ရဲ့ ငယ်သူငယ်ချင်း ဖြစ်တာမလို့ နားလည်မှုအရ ဒီက ကလေးတွေကို ကျောင်းတက်စရာ မလိုဘဲ စာမေးပွဲဖြေခွင့်တော့ပေးထားသည်။

ဦးမင်းမဟော် ကလေးတိုင်းကို ရေးတတ်ဖတ်တတ်တဲ့အထိတော့ အကုန်လုံးကို သင်ကြားပေးသည်။ ဒါပေမဲ့ သူတို့လေးတွေက ကျောင်းစာကို စိတ်မ၀င်စားတော့ဘူးဆိုရင်လည်း ဦးမဟော် အတင်းအကြပ် စေခိုင်းလုပ်ခိုင်းတာမျိုးတွေ မလုပ်ပါ။

PROMISEWhere stories live. Discover now