ကျွန်တော့်အတွက် အချစ်က ရယူခြင်းလည်း မဟုတ်သလို ပေးဆပ်ခြင်းလည်း မဟုတ်ဘူး။ဒါပေမဲ့ တကယ် အချစ်နဲ့ တွေ့တဲ့အချိန်မှာတော့ ကျွန်တော်က ရယူသူ သက်သက်သာ ဖြစ်နေခဲ့တယ်။
လျှန့်အပေါ်မှာ ဆိုးခဲ့တာတွေကလည်း သူ့ကိုချစ်လို့ပါပဲ...ကျွန်တော် သူ့ကို ချစ်တယ်ဆိုတာရဲ့ သက်သေတွေက အမြဲ ရယူမှုတွေပဲ ဖြစ်နေခဲ့တော့တာ ကျွန်တော်လည်း မတတ်နိုင်ခဲ့ဘူးလေ...
ကျွန်တော်က သူ့ဆီက ဘာကိုမှ မတောင်းခဲ့ဘဲနဲ့ သူကပဲ အမြဲ ပေးခဲ့တာ..ဒါပေမဲ့ ပေးတာတွေ များလာလေ ကျွန်တော်က ရယူတာနဲ့ အသားကျလာလေလေပဲ...
ကျွန်တော်က ရယူတာတွေနဲ့ အသားကျလာလေလေ သူက ကျွန်တော့်ကို ပေးဆပ်ရတာတွေကို စိတ်ကုန်လာလေလေ ဖြစ်နေခဲ့တာကိုတော့ ကျွန်တော် ဘာလို့ ရိပ်တောင် မရိပ်မိခဲ့ ရတာပါလိမ့်???
သွေးမဟော်
![](https://img.wattpad.com/cover/308408251-288-k881693.jpg)
KAMU SEDANG MEMBACA
PROMISE
Romansa"သက်ဆုံးတိုင် အတူတကွ ရှိသွားကြမယ်"ဆိုတဲ့ ကတိစကားကို ဆိုခဲ့တဲ့ ကလေးနှစ်ယောက်က သူတို့ရဲ့ အနာဂတ်မှာ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာကို မသိခဲ့ကြဘူး ထင်ပါရဲ့... PROMISE