*CHAPTER-5*

7 0 0
                                    


တီးတောင်

ဘဲလ်မြည်သံကြောင့် အသွေး အိပ်‌နေရာကနိုးသွား၏။ ဘေးဘီကို အိပ်မှုန်စုံမွှားဖြင့်ကြည့်လိုက်တော့ သူ အိပ်နေတာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာသာ ဖြစ်သည်။ မနေ့က ငိုရင်းနဲ့ပဲ ပင်ပန်းပြီး ဆိုဖာပေါ်မှာပဲ ကွေးကွေးလေး အိပ်ပျော်သွားခဲ့သည်။

မနေ့က ငိုထားတဲ့ မျက်ရည်တွေ မခြောက်သေးမှာစိုးတာမလို့ ပါးကို  လက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်ပြီး တံခါးဆီကို ထွက်လာလိုက်သည်။ ပြီးခဲ့တဲ့အပတ်က သူမှာထားတဲ့ ပစ္စည်းလာပို့တာသာ ဖြစ်သည်။ ပါဆယ်ဘူးကို ဖွင့်လိုက်တော့ ပန်းချီဆွဲရင် သုံးတဲ့ ပစ္စည်း‌တွေကို တွေ့ရသည်။

သူရုံးပိတ်တုန်း အပျင်းပြေ ဆွဲရအောင်မှာထားတာ ဖြစ်သည်။အသွေး ပန်းချီဆွဲတာ မတော်သလို ဝါသနာလည်း အရမ်းပါတာတော့ မဟုတ်ပါ။

ဒါပေမဲ့ လူတစ်ဦးတစ်ယောက်ကပြောခဲ့ဖူးသည်။ ပန်းချီဆွဲချင်ရင် ပန်းချီဆွဲတော်ဖို့ မလိုဘူးတဲ့။ အဲ့လူကတော့  ပုံကြမ်းတွေသာ အဓိက ဆွဲတာ များသည်။ အသွေးလည်း သူနဲ့ အတူတူ လိုက်ဆွဲရင်း ပန်းချီဆွဲတဲ့အခါ စုတ်တံ ကိုင်ရတဲ့ ခံစားချက်ကို အလွန်သဘောကျလာသည်။

ပုံရယ်လို့ တိတိကျကျ မပြောနိုင်ပင်မဲ့ စိတ်ညစ်နေတဲ့ အချိန်တို့ဆိုရင် စုတ်တံကိုင်ပြီး စိတ်အလိုကျ စုတ်တံကိုသွားခိုင်းလိုက်သည်။ အဲ့လိုလုပ်ပြီးတဲ့အချိန်တိုင်း ရင်ထဲက အလုံးကြီးကျသွားသလို ခံစားရသည်။

ပြီးရင် ဘာပုံကြီးမှန်း မသိတဲ့ အသွေးဆွဲထားတဲ့ ပုံကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ လှတယ်လို့ အမြဲပြောတတ်တဲ့လူကြောင့်လည်း ပန်းချီဆွဲရတာကို ပိုပျော်လာခဲ့သည်။

"ဟင် မဟော် မင်းပုံကြီးက ရုပ်ဆိုးလိုက်တာ..အရောင်တွေကလည်း စုံနေတာပဲ..ဘာပုံကြီးမှန်းလည်း မသိဘူး"

ဘေးက ‌ဖိုးတုတ်လို့ ခေါ်တဲ့ ရာဇာရဲ့စကားကြောင့် အခန်းထဲမှာ ရှိသမျှကလေးတိုင်းရဲ့ အကြည့်တွေက အသွေးရဲ့ပန်းချီကားဆီရောက်လာခဲ့သည်။ အသွေး သူ့ရဲ့လက်သေးသေးလေးဖြင့် သူ့ရဲ့ပန်းချီကားကို ယောင်ယောင်မှားမှားဖြင့် အုပ်ထားမိ‌တော့သည်။

PROMISETahanan ng mga kuwento. Tumuklas ngayon