" အရှက်မရှိတဲ့ မြွေပွေးမ..... ညည်းကို ငါ့သားနဲ့မပါတ်သက်ဖို့ပြောနေတာကို နားမလည်ဘူးလား..... "" အဟင့်... "
" ဟဲ့ အရှက်မရှိမျက်နှာနဲ့ ငိုယိုပြမနေနဲ့ နင့်ကို ဘယ်သူမှ မသနားဘူး..... "
သေးငယ်ဟောင်းနွမ်းနေသော တိုက်ခန်း
ကျဥ်းလေးထဲမှာ ကြမ်းပြင်ပေါ်ပုံလဲနေတဲ့ မိန်းကလေးတစ်ယောက်ကို သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်နဲ့ အသက်
ကြီးကြီးအမျိုးသမီးတစ်ယောက်တို့က သနားညှာတာမှုကင်းမဲ့စွာ အော်ဟစ်ပြောဆိုနေသောအသံများနှင့် ထိုမိန်းကလေးဆီက ခပ်တိုးတိုး ရှိုက်သံအချို့ပျံ့လွင့်နေသည်။" ကြာရိပ်မယ်.... ညည်းလိုချင်သလောက်ငွေကိုပြောလိုက် ငါတို့ပေးမယ် အေး ဒါပေမယ့်
ခွန်းသ နဲ့ အဆက်အသွယ်ဖြတ်တာကိုလိုချင်တယ် ညည်းလို မိန်းမမျိုးကို ငါတို့မိသားစုဝင်အဖြစ် လက်မခံနိုင်ဘူး...... "ငိုကြွေးနေတဲ့ မိန်းကလေးကို ကြည့်ကာ ညှာ
တာမှု ကင်းမဲ့စွာ ပြောလာတဲ့ ထိုအမျိုးသမီးက သူမရဲ့အိစက်ပြောင်လက်နေသော လက်
ကိုင်အိတ်ထဲကနေ ပိုက်ဆံတစ်ထပ်ကိုထုတ်ယူကာ သူမရှေ့ကိုပစ်ချလိုက်ပြီး....." ရော့... "
" အစ်မ.... ဒီငွေတွေကို ကြာရိပ်မလိုချင်ပါဘူး......အန်တီ... အန်တီ ဒီငွေတွေ ကြာရိပ်
အတွက်မလိုပါဘူး ... ကြာရိပ်က မောင့် ကိုတကယ်ချစ်တာပါ အန်တီ..... ကြာရိပ်ကို ယုံပေးပါနော်.... "" ဖယ်စမ်း.... "
သူမ အားကိုးတကြီး သွားဆုပ်ကိုင်လိုက်တဲ့
ချစ်ရသူရဲ့ မိခင်က ရက်စက်ကြမ်းတမ်းစွာ
ကြာရိပ်လက်တွေကို ပုတ်ထုတ်လိုက်ပြီး...." ညည်းအဆင့်ကို ညည်းသိ...... ငါ့သားလေးကို ညည်းအလွယ်တကူမြှူဆွယ်လိုရပြီဆိုပြီး ဝမ်းသာစောမနေနဲ့..... ငါတို့သားအမိက ညည်းကို တခွန်း ရဲ့ မိန်းမ ဖြစ်လာခွင့်ပြုမှာမဟုတ်ဘူး..... "
" မေမေ ဒါက ဘာကိုဆိုလိုတာလဲ...... "
" သား... တခွန်း.... "
လက်စွပ်ဗူးလေးကိုကိုင်ကာ ပျော်ရွှင်ကြည်နူး
စွာ အိမ်ထဲကိုဝင်လာတဲ့ တခွန်းသ တစ်ယောက် ဝင်ဝင်ချင်းရင်ဝကိုဆောင့်ကန်ခံလိုက်ရသလ်ိုမြင်ကွင်းနဲ့ မိခင်ဖြစ်သူရဲ့ စကားတွေကိုကြားလိုက်ရတာကြောင့် မယုံနိုင်စွာ မေးလိုက်မိသည်။
YOU ARE READING
စေစားရာ ( Complete ) ( ေစစားရာ)
Romanceမောင်.... မောင်လားဟင်.... မောင်ပြန်လာပြီလား... မောင် ကြာရိပ်ကို ဘာလို့ပစ်ထားတာလဲဟင် ကြာရိပ် မောင့်ကို အကြာကြီးစောင့်နေခဲ့တာ... ကြာရိပ်မယ် မောင် ကြာရိပ်ကိုချစ်တယ်နော်..... မငိုပါနဲ့ကြာရိပ်ရယ်.... မေ...