အပိုင်း.... ၅
" ဒီတစ်ခါလဲ လူလေးကပဲ ကျွန်မတူမလေးကိုကယ်လိုက်တာပါပဲရှင်.... ကျေးဇူးတင်လွန်းလို့ထိုင်တောင်ကန်တော့ချင်မိပါတယ် ...."
" ဟာ ကြီးကြီး မလုပ်ပါနဲ့ဗျာ ကျွန်တော် ငရဲတွေကြီးကုန်ပါ့မယ်.... "
မျက်ရည်လည်ရွှဲနဲ့ပြောရင်း သူ့ကိုထိုင်ကန်တော့ဖို့အတည်ပြင်နေတဲ့ ဒေါ်ဆွေဆွေလှိုင်ကို မနည်းတားဆီးလိုက်ရသည်။ မျက်စိမျက်နှာပျက်နေတဲ့ သူကြီးတို့လင်မယားဆီ သူ ကြည့်လိုက်ပြီး......
" သူကြီးနဲ့ အရီးကိုတော့အားနာပေမယ့် ဇော်မင်းအခုလိုအပြုအမူလုပ်တာကိုတော့ သည်းခံပေးလို့မရဘူး...... သက်ဆိုင်ရာကိုအကြောင်းကြားရ
လိမ့်မယ်...."" မလုပ်ပါနဲ့.... မလုပ်ပါနဲ့ ဆောင်းဦးရယ်.... ငါ့တူဇော်မင်းက အရက်မူးနေလို့မှားတာပါ...... နောက်ဒါမျိုးထပ်မဖြစ်စေရပါဘူးဟယ်.....အရီးတို့မျက်နှာကိုထောက်ပြီး တစ်ခါလောက်တော့ခွင့်လွှတ်
ပေးပါ...."" ဟုတ်ပါတယ် မောင်ဆောင်းဦးသာ ရယ်...... ဒီကိစ္စကိုတော့ တိုးတိုးတိတ်တိတ်ပဲဖြေရှင်းလိုက်ကြရအောင်ပါ....နောက်တစ်ခါဒါမျိုးထပ်မဖြစ်ဖို့ ငါတာဝန်ယူပါတယ်ကွာ.....မင်းစိတ်ချပါ....ဒေါ်ဆွေ ခင်ဗျားလဲ ဒီကိစ္စကို အကြီးအကျယ်တွေမဖြစ်စေချင်ဘူးမဟုတ်လား.......လူသိများလေလေ ခင်ဗျားတူမလေးအတွက်ပိုနစ်နာလေဖြစ်မှာပေါ့.... လုပ်ပါဦးဗျာ ကူပြောပါဦး....."
" ဘာလ်ို့ ဒါက ကြာရိပ်အတွက်ပဲ နစ်နာရမှာလဲ.... အမှားလုပ်တဲ့သူက ရှက်ရမှာလေ.....ကြာရိပ်က ဘာအမှားမှမလုပ်ထားဘူး..... အောက်တန်းကျတဲ့လုပ်ရပ်ကိုလုပ်တဲ့သူကိုအပြစ်ပေးရမှာ....."
ဆောင်းဦးသာ ဒေါသတကြီးထပြောလိုက်တော့ ကြီးကြီးက သူ့လက်ကိုဆွဲကာ ညှိုးငယ်စွာကြည့်လာရင်း....
" မင်းစေတနာကို နားလည်ပါတယ် ငါ့တူရယ်....ဒါပေမယ့် ကြာရိပ် ကိုယ်တိုင်က ဒီကိစ္စက်ို လူတွေသိမှာမလိုလားလို့ပါ..... ဒီတစ်ခါတော့ ဒီအတိုင်းပဲထားလိုက်ရအောင်ပါကွယ် နော် ......"
ကြီးကြီးရဲ့ တောင်းဆိုမှုကြောင့် သူ စိတ်တွေကိုလျော့ချလိုက်ရတော့သည်။ ကြာရိပ်ရဲ့ ဆန္ဒဆိုတော့လဲ သူဘယ်လိုလုပ်ပြီး တတ်နိုင်ပါတော့မလဲ။ သူမက ကာယကံရှင်ဖြစ်ပြီး သူကတော့ ဒီအတိုင်း ဘေးလူတစ်ယောက်သာသာပဲမဟုတ်ပါလား.......။
![](https://img.wattpad.com/cover/316040981-288-k497313.jpg)
YOU ARE READING
စေစားရာ ( Complete ) ( ေစစားရာ)
Romanceမောင်.... မောင်လားဟင်.... မောင်ပြန်လာပြီလား... မောင် ကြာရိပ်ကို ဘာလို့ပစ်ထားတာလဲဟင် ကြာရိပ် မောင့်ကို အကြာကြီးစောင့်နေခဲ့တာ... ကြာရိပ်မယ် မောင် ကြာရိပ်ကိုချစ်တယ်နော်..... မငိုပါနဲ့ကြာရိပ်ရယ်.... မေ...