သုံး

865 48 0
                                    

မွှေးပျံ့တဲ့ပန်းခင်းကြီးထဲမှာ သူမပျော်ရွှင်စွာပြေးလွှားနေမိသည်မှာ အချိန်ဘယ်လောက်ကြာသွားသည်မသိ.....

" ဟင်.... ငါ....  ငါ အခု ပြန်မြင်ရပြီလား....."

သူမ မျက်လုံးနှစ်ဖက်ကိုလက်နှင့်ပွတ်ပြီးမှ ပါတ်ဝန်းကျင်ကိုပြန်ကြည့်လိုက်ပေမယ့် တကယ်ကိုသူမမြင်နေရတာပဲ။

ကြည်လင်ရှင်းလင်းနေတဲ့ ကောင်းကင်ပြာပြာကြီးရယ်.....

လေထဲမှာမျောလွင့်နေတဲ့ အဖြူရောင်တိမ်စိုင်တွေရယ်......

အရောင်စုံပန်းပွင့်လှလှလေးတွေနဲ့ ပျံဝဲနေတဲ့ လိပ်ပြာလှလှလေးတွေရယ်.......

" ဟင်......"

ပြီးတော့ မောင်ရယ်.......

" မောင်...... မောင်....."

သူမ ပန်းပင်တွေကြားမှာ ကလေးတစ်ယောက်လိုခုန်ပေါက်ပြေးလွှားပြီး မောင့်ဆီ အပြေးသွားလိုက်တော့ လက်နှစ်ဖက်ကိုဆန့်တန်းကာ ရင်ကိုဖွင့်ပြီး ကြိုဆိုနေတဲ့မောင့်ဆီကို ပြေးဖက်ပြီးမောင့်ရင်ခွင်ထဲခေါင်းတိုးဝင်ထားလိုက်ရင်း....

" မောင်........ကြာရိပ် မောင့်ကိုအရမ်းလွမ်းနေတာ.....မောင် ဘယ်တွေကိုသွားနေတာလဲဟင်.....မောင် ဘာလို့အခုမှလာတာလဲ....
အဟင့်...မောင် ကြာရ်ိပ်ကိုမချစ်တော့ဘူးလားဟင်....."

ကြာရိပ် မျက်ရည်တွေနဲ့အတူ မောင့်ကို မေးခွန်းထုတ်ရင်း တင်းကြပ်စွာဖက်ထားလိုက်တာကို မောင်ကသဘောကျစွာရယ်ရင်း ကြာရိပ်ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးလာကာ......

" မောင်က ဘာလို့ကြာရိပ်ကို မချစ်ရမှာလဲ....... မောင်က ကြာရိပ်အနားမှာအမြဲရှိနေတာပါ.....မောင်က ကြာရိပ်ကို အမြဲတမ်းချစ်နေမှာ......"

" တော်သေးတာပေါ့...... အီးဟီးဟီး.....တော်သေးတာပေါ့.....မောင်က ကြာရိပ်ကိုမချစ်တော့ဘူးထင်နေတာ..... မောင်က ကြာရိပ်ကို ထားခဲ့တော့မယ်လို့ထင်နေတာ...အဟင့်.."

" အရူးမလေး...... မောင်က ကြာရိပ်ကို ဘယ်လိုလုပ်ပြီးထားခဲ့ရက်ပါ့မလဲ.......
မောင်က ကြာရိပ် အနားမှာပဲရှိနေမှာ......"

သူမပါးပြင်ပေါ်ကမျက်ရည်စတွေကို သုတ်ပေးရင်း ကြင်နာစွာကြည့်ကာမောင်ပြောလာခဲ့တာတောင် သူမစိတ်မချနိုင်သေးပဲ မောင့်ရင်ခွင်ထဲခေါင်းက်ုပိုတိုးဝင်ကာ မောင့်ခါးနားကအင်္ကျီစတွေကိုတင်းကြပ်စွာဆွဲဆုပ်ထားပြီး မျက်လုံးတွေကိုမှိတ်ကာ.......

စေစားရာ   ( Complete )  ( ေစစားရာ) Nơi câu chuyện tồn tại. Hãy khám phá bây giờ