" ဒီမှာ မွှေး..... "
သူမလက်ထဲ ကျော်ကိုကို ပေးလာတဲ့စာရွက်လေးကိုကြည့်လိုက်တော့ မိခင်ဖြစ်သူရဲ့ပိုင်ဆိုင်မှုအားလုံးက်ို သူမတို့ဇနီးမောင်နှံဆီ လွှဲဲပေးကြောင်းစာချုပ်ဖြစ်နေသည်မို့ ခင်ပွန်းဖြစ်သူကို အံ့သြစွာမော့ကြည့်လိုက်မိပြီး.....
" ဒါက..... ဒါက မေမေသိသွားရင် ပြဿနာအကြီးကြီးတက်မှာ ယောကျာ်းရယ် မွှေးမလုပ်ရဲဘူး.....မေမေက ခွန်းသအတွက် ကျောင်းဆောက်လှူဖို့ရည်ရွယ်ထားတာ..... "
" မင်း ရူးနေတာလား မွှေးရယ်..... ဒီလောက်ပိုက်ဆံတွေအများကြီးအကုန်ခံပြီးဘာလို့လှူရမှာလဲ..... သေတဲ့လူက သေပြီလေ ဒါတွေက ရှင်သန်နေတဲ့လူတွေအတွက်ပဲမဟုတ်လား.... မင်းအမေတုံးသလို မင်းကပါလိုက်မအစမ်းပါနဲ့....နော် မွှေး...... ကိုယ်ပြောတာနားထောင်စမ်းပါကွာ..... ကိုယ်အခုလိုလုပ်နေရတာ က်ိုယ်တို့အနာဂါတ်အတွပါ....နော်......မိန်းမ...."
သူမလက်ကလေးကိုကိုင်ကာ နူးညံ့စွာပြောလာတဲ့ ခင်ပွန်းသည်စကားကြောင့်တတိုင်းမွှေး ငြိမ်သက်တွေဝေသွားမိသည်။ တကယ်ပဲ မေမေက မရှိတော့တဲ့ ခွန်းသ ကို အသက်ရှင်နေတဲ့သူမထက်ပိုဦးစားပေးတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိသည်ကတော့အမှန်ပင်။
သူမလဲ ခွန်းသ ကို အများကြီးချစ်ခဲ့ ဂရုစိုက်ခဲ့တာပါပဲ။ ဒါပေမယ့် ခွန်းသ ကတော့ မိခင်ကိုရော အစ်မကိုပါ စွန့်ပစ်ခဲ့တာပဲမဟုတ်လား။ ဒါတောင်အခုအချိန်ထိ မိခင်ဖြစ်သူရဲ့နှလုံးသားထဲမှာ သူမက ခွန်းသ ကိုမယှဥ်နိုင်သေး။
ခွန်းသ ကြောင့် မကျန်းမမာဖြစ်နေတဲ့ မိခင်ကို မငြူစူပဲ ကြင်နာစွာပြုစုနေခဲ့ရတာက သူမ ပေမယ့် မိခင်ဖြစ်သူရဲ့ ဆန္ဒကတော့ ခွန်းသကိုရည်စူးပြီး ကျောင်းတစ်ခုဆောက်လှူချင်ပါတယ်တဲ့။ အခုတော့ သူမအတွက်စဥ်းစားပေးတဲ့ ခင်ပွန်းဖြစ်သူစကားကို လက်ခံချင်မိသလိုတွေဝေသွားရသည်။
သူမဆီပိုင်ဆိုင်မှုတွေရောက်လာခဲ့ရင်လဲ မိခင်ဖြစ်သူကိုဆက်ပြီးပြုစုပေးသွားဖို့ပါတစ်ခါတည်းဆုံးဖြတ်လိုက်ရင်း စာရွက်ကလေးကို လှမ်းယူလိုက်ကာ......
ŞİMDİ OKUDUĞUN
စေစားရာ ( Complete ) ( ေစစားရာ)
Romantizmမောင်.... မောင်လားဟင်.... မောင်ပြန်လာပြီလား... မောင် ကြာရိပ်ကို ဘာလို့ပစ်ထားတာလဲဟင် ကြာရိပ် မောင့်ကို အကြာကြီးစောင့်နေခဲ့တာ... ကြာရိပ်မယ် မောင် ကြာရိပ်ကိုချစ်တယ်နော်..... မငိုပါနဲ့ကြာရိပ်ရယ်.... မေ...