လေး

693 38 0
                                    

" နိုးလာပြီလား ဆရာလေး...."

သူမျက်လုံးတွေပွင့်လာ​တော့ အ​ဖြူရောင်မျက်နှာကျက်နဲ့ မွှန်ထူနေတဲ့အရင်ပျံနှံ့တွေပြည့်နေတဲ့နေရာတစ်ခုကိုရောက်နေပြီမှန်းသိလိုက်ရသလို ရုတ်တရက် ထွက်ပေါ်လာတဲ့ဝမ်းသာအားရအသံကြောင့် အလင်းရောင်နဲ့အသားကျအောင်မျက်လုံးကိုမနည်း ဖွင့်
ကြည့်လိုက်ရသည်။

" က်ိုလှဆောင်...."

" ဟုတ်ကဲ့ဆရာလေး..... သတိရလာလို့တော်သေးတာပေါ့....ကျွန်တော်ဟိုဘက်အခန်းကူးလိုက်ဦးမယ်....အကြီးဆွေနဲ့ သူ့တူမလဲဒီဆေးရုံမှာပဲ...."

" ဟုတ်လား.... ကြီးကြီးတို့ရော ဘာဖြစ်သွားကြသေးလဲ.... မီးရောသေပြီလား......"

" မီးကရွာသားတွေဝိုင်းသတ်လို့ သေသွားပါပြီ...အကြီးဆွေတို့လဲ အသက်အန္တရာယ်ကင်းပါတယ်ကျောင်းဆရာကယ်ပေလို့ပဲ....
.မဟုတ်ရင် ဟိုကလေးမတော့မတွေးရဲစရာပဲဗျာ....ခင်ဗျား အတော်သတ္တိရှိတဲ့လူပဲ...."

" ဗျာ.... ကျွန်တော်ကလား...."

ကိုလှဆောင်စကားကြောင့် သူ အံ့သြတကြိီးပြန်မေးရင်း ကုတင်ပေါ်ကဝုန်းကနဲထထိုင်လိုက်မိတော့ ကိုလှဆောင်က ကွမ်းတမြုံ့မြုံ့ဝါးရင်းသူ့က်ို အထူးတဆန်းလှမ်းကြည့်ကာ....

" အေးလေဗျာ...... အဲ့ဒီကောင်မလေးကိုကယ်ဖို့ ခင်ဗျားကိုယ်တိုင်မီးလောင်နေတဲ့အိမ်ထဲ ပြေးဝင်သွားခဲ့တာလေ...... ကောင်မလေးကိုပြန်ချီပွေ့ခေါ်လာပြီး အပြင်ရောက်တဲ့အထိ အရမ်းစိုးရိမ်နေခဲ့တာလေ....."

" ဗျာ...."

ကိုလှဆောင်ပြောသမျှကို နားမလည်သလိူငူငူကြီးထိုင်နားထောင်ရင်း ခဏအကြာမှာတော့ သူတစ်စုံတစ်ခုကို သဘောပေါက်လိုက်ပြီး လက်ကဆေးသွင်းထားတဲ့ပိုက်ကိုဆွဲဖြုတ်ကာ ထိုနေရာကနေပြေးထွက်လာခဲ့လိုက်တော့သည်။

" ကျောင်းဆရာ ခင်ဗျား ဖိနပ်...."

ဖိနပ်မပါခြေဗလာနဲ့ အရူးတစ်ပိုင်းပြေးထွက်သွားတဲ့ ဆောင်းဦးသာကြောင့် က်ိုလှဆောင်တစ်ယောက် ထိုနေရာမှာရပ်နေရာမလား ပြေးလိုက်သွားရမလားဝေခွဲမရပဲ ကြောင်စီစီဖြစ်ကယကျန်ရစ်နေခဲ့မိတော့သည်။

စေစားရာ   ( Complete )  ( ေစစားရာ) Tahanan ng mga kuwento. Tumuklas ngayon