တစ်ဆယ် ( ဇာတ်သိမ်းပိုင်း )

1.8K 52 7
                                    

" ကဲ ဒီနေ့ ပွဲလေးကိုလာရောက်ပေးကြတဲ့ ရပ်မိရပ်ဖတွေနဲ့ အိမ်နီးချင်းတွေကိုလဲ ကျုပ်ကပဲအထူးကျေးဇူးတင်ရှိပါတယ်ဗျာ..... သတို့သမီးနဲ့ သတို့သားလဲ အိုအောင်မင်းအောင်ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီမင်္ဂလာပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားကြောင်း ကြေငြာလိုက်ပါတယ်...."

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း !!!

လူကြီးမိဘတွေအဖြစ် ရပ်မိရပ်ဖတွေကိုအသိသက်သေထားကာ ကြီးကြီးဆွေ ကိုရိုသေစွာကန်တော့လိုက်ကြပြီး ကြာရိပ်နဲ့သူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြသည်။

ဆံပင်ရှည်ရှည်တွေကို အကုန်သိမ်းကာ ကျစ်ဆံမြီးကြီးကြီးတစ်ခုသာကျစ်ကာ ကျောဘက်မှာချထားတာကြောင့် မျက်နှာလေးကပြောင်ရှင်းပြီးပန်နုရောင်ထိုင်မသိမ်းလေးနဲ့ အလှပေါ်အယဥ်ဆင့်နေတာကြောင့်
ငေးမဝနိုင်ဖြစ်နေရသည်။

သူ့အကြည့်စူးစူးတွေကြောင့် နေရခက်ကာရှက်ရွံ့စွာပြုံးနေတဲ့ ကြာရိပ်မျက်ဝန်းတွေထဲမှာလဲ ပျော်ရွှင်မှုအရိပ်တွေယှက်သမ်းနေသည်ကိုသူမြင်တွေ့နေရပါသည်။

ဧည့်သည်တွေကို ရွာထုံးစံအတိုင်း ဝက်သားနီချက် နဲ့ ကြက်သားဆီပြန် ငါးသလောက်ပေါင်း ၊ သရက်ချဥ်သုပ် ပဲဟင်း ငံပြာရည်ချက် တို့စရာအစုံနဲ့ ထမင်းကိုသာ အဝကျွေးပြီး မြန်မာမုန့်မျိုးစုံနဲ့လက်ဘက်အကြော်စုံတို့ကိုအချိုပဲဲ​ပြင်ထားပေးသေးသည်။

စိတ်မြန်လက်မြန်ရှိသလို နေရာတကာလဲနှံ့စပ်ကျွမ်းကျင်တဲ့ အကြီးဆွေကဦးစီးပြီး အိမ်နားနီးချင်း အန်တီကြီးတစ်ချို့ရယ် သတို့သမီးကြာရိပ်ကိုယ်တိုင်ပါဝင်ကူပြီး စီစဥ်ချက်ပြုတ်ပြင်ဆင်ထားတာမို့ ​အဘက်ဘက်ကပြီးပြည့်စုံခဲ့ရသည်။

ဧည့်သည်တွေအားလုံးပြန်သွားကြတော့ လူကြီးတွေလဲ ဆေးကြောသိမ်းဆည်းနေကြပြီမို့ ဆောင်းဦးသာ လဲလူအလစ်မှာ ကြာရိပ်လက်ကလေးကိုဆွဲပြီး ရွာထိပ်ကကိုက္ကိုပင်ကြီးအောက်ဆီပြေးထွက်လာခဲ့လိုက်တော့သည်။

>>>>>>>>>>>>>>

" လှလိုက်တာနော်......"

စေစားရာ   ( Complete )  ( ေစစားရာ) Donde viven las historias. Descúbrelo ahora