ဒုတ် ဒုတ် ဒုတ် !!!!!!
" အား....."
စူးအောင့်လာသော ဝဲဘက်ရင်အုံကိုလက်နဲ့ဖိကာ အိပ်ရာထက်မှကုန်းထလိုက်တော့ တစ်ကိုယ်လုံးချွေးများဖြင့်ပြည့်နေပြီး ပေါက်ကွဲထွက်တော့မတတ်ပြင်းထန်စွာ ခုန်နေတဲ့နှလုံးကြောင့် မျက်လုံးတွေကိုမှိတ်ကာ ခဏမျှငြိမ်သက်နေလိုက်ပြီးမှ အသင့်ချထားတဲ့ရေသန့်ဗူးကိုကောက်ယူကာ ရေတစ်ငုံမော့သောက်လိုက်ရသည်။
" ဟူး...... အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ..."
အိမ်မက်လိိုလို တကယ်လိုလိုနဲ့ မကြာခဏတွေ့နေကျ အမျိုးသမီးတစ်ယောက်ရဲ့ ကျောပြင်နဲ့ ငိုရှိုက်သံသဲ့သဲ့က အာရုံထဲကထွက်မသွားခဲ့......
နံရံပေါ်ကနာရီကိုကြည့်လိုက်တော့ ထုံးစံအတိုင်းမနက်လေးနာရီတိတိ.....
သူ အိပ်ယာထလိုက်ပြီး တစ်လက်စတည်း စောင်တွေကိုသေချာခေါက်ကာ အိပ်ယာခင်းတွေပါ
ဆန့်ပြန့်နေအောင်ခါလိုက်ပြီး ရေခွက်ကြီးထဲ
ဆပ်ပြာခွက်နဲ့ သွားတိုက်ဆေးဗူးရယ် သွားပွတ်တံရယ်ထည့်ကာ အခန်းထဲကထွက်လာလိုက်တော့သည်။ဟင်းရွက်ခင်းတစ်ဖက်က ကလေးတွေအိပ်ဆောင်လေးကတော့ အခုထိငြိမ်သက်တိတ်ဆိတ်နေဆဲ.....
အုတ်ကန်ကြီးမှာ ရေအေးအေးတစ်ခွက်ကိုခပ်ယူပြီး သွားတိုက်မျက်နှာသစ်ပြီး လက်ကိုရေစွပ်ကာ ဇက်ပိုးကိုတဖြန်းဖြန်းရိုက်ချပစ်လိုက်တော့ လူကလန်းဆန်းသွားတော့သည်။
မျက်နှာသစ်ပြီး ပစ္စည်းတွေသိမ်းကာ အခန်းဆီပြန်ပြေးလာတော့ မနက်ခင်းရဲ့ဆောင်းလေအေးက အသားထဲအထိစိမ့်ဝင်လာခဲ့သည်။
မျက်နှာသုတ်ပုဝါကိုယူကာ မျက်နှာပေါ်က ရေစက်တွေကိုသုတ်ချလိုက်ပြီး တန်းပေါ်ပြန်တင်ကာ အပြင်ထွက်ဖို့ရှပ်အင်္ကျီလက်ရှည်
ကိုထပ်ဝတ်လိုက်ပြီး ဆယ်ပေကျော်အခန်းငယ်လေးထဲတစ်ချက်ပြန်ဝေ့ကြည့်လိုက်တော့ အရာဝတ္ထုအားလုံးသူ့နေရာနဲ့သူနေသားတကျရှိနေပြီးသပ်ရပ်သန့်ရှင်းနေတာကြောင့်စိတ်ကျေနပ်စွာပြုံးလိုက်ပြီး ထွက်လာခဲ့လိုက်တော့သည်။
VOUS LISEZ
စေစားရာ ( Complete ) ( ေစစားရာ)
Roman d'amourမောင်.... မောင်လားဟင်.... မောင်ပြန်လာပြီလား... မောင် ကြာရိပ်ကို ဘာလို့ပစ်ထားတာလဲဟင် ကြာရိပ် မောင့်ကို အကြာကြီးစောင့်နေခဲ့တာ... ကြာရိပ်မယ် မောင် ကြာရိပ်ကိုချစ်တယ်နော်..... မငိုပါနဲ့ကြာရိပ်ရယ်.... မေ...