" မေမေ ဒီမှာကြည့်ပါဦး.... ဟိုအကန်းမ ပျော်ရွှင်နေတာ ခွန်းသ သေတာမြေပုံမခြောက်သေးဘူး ဒင်းကနောက်တစ်ယောက်နဲ့......"
သမီးဖြစ်သူ တတိုင်းမွှေး ကမ်းပေးလာသောဓာတ်ပုံတစ်ထပ်က်ိုယူကာ တစ်ပုံချင်းစီကြည့်ရင်း ဒေါ်တင်ထားမူ မျက်ရည်ကျလာခဲ့ရသည်။ မိမိထက်အရင်စောပြီးထွက်ခွာသွားတဲ့ သားငယ်မျက်နှာက သူမမျက်လုံးထဲပြန်ပေါ်လာခဲ့သလိုဓာတ်ပုံထဲမှာ လူရွယ်တစ်ယောက်နဲ့ပြုံးရွှင်ပျော်မြူးနေတဲ့ ထိုမိန်းမယုတ်ကိုလဲ မုန်းတီးနာကျဥ်းမိသည်။
လက်ထဲကဓာတ်ပုံတွေကို ဆွဲဖြဲကာကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်ပြီး နံရံပေါ်က သားဖြစ်သူ ခွန်းသ ရဲ့ဓာတ်ပုံကြီးကို ဆွေးဆွေးမြေ့မြေ့ပွတ်သပ်ငိုကြွေးရင်း......
" မင်းချစ်လှပါချည်ရဲ့ဆိုတဲ့ မင်းမိန်းမက အခုမင်းကို မေ့သွားပြီသားရယ်....ဒီလိုမိန်းမတသ်ယောက်အတွက်နဲ့များ အမေနဲ့သား စိတ်ဝမ်းကွဲခဲ့ရတယ်လို့..... အမေရင်နာလိုက်တာ ခွန်းသရယ်..... အမေ ရင်နာလိုက်တာ......ငါ့သားလေး ဘာအပြစ်မှမရှိရှာပဲ ဒီလိုမိန်းမကြောင့်......ဟင့်.."
" ဟယ်..... မေမေသတိထားပါဦး..... မေမေ.... ကိုကိုရေ..... ကိုကို လာပါဦး...မေမေမူးလဲသွားပြန်ပြီ......"
ဖြေမဆည်နိုင်စွာငိုကြွေးရင်း ရုတ်တရက်ပျော့ခွေကျသွားတဲ့ သူမဆီ တတိုင်းမွှေး ပြေးသွားကာထူလိုက်ရင်း နှုတ်ကလဲ သူမယောကျာ်း ကိုမရပ်မနားလှမ်းခေါ်လိုက်တော့သည်။
>>>>>>>>>>>>>>>>
" ထပ်ပေးပါဦး မိန်းမကလဲ.....ဒါလေးနဲ့ ဘာလုပ်လို့ရမှာလဲ....."
" ရှူး..... တိုးတိုးနေစမ်းပါ ကိုက်ိုရဲ့ မေမေကြားသွားမယ်ဆို....."
" ကျစ်.... ဘွားတော်က နတ်ပြည်အဝနားမှာအလည်ရောက်နေလောက်ပြီ....လုပ်ပါကွာ နည်းနည်းထပ်ပေးပါဦး......."
အိပ်ယာပေါ်မှာ မိန်းမောနေတဲ့ မိခင်ဖြသ်သူကိုတစ်ချက်လှည့်ကြည့်ကာ တတိုင်းမွှေး ဗီရိုထဲကငွေအုပ်ကိုထပ်ထုတ်ယူပြီး သူ့ယောကျာ်းလက်ထဲထည့်ပေးလိုက်တော့ ကျော်ကိုကို့မျက်နှာ ပြုံးရွှင်ဝင်းပသွားပြီး.....
YOU ARE READING
စေစားရာ ( Complete ) ( ေစစားရာ)
Romanceမောင်.... မောင်လားဟင်.... မောင်ပြန်လာပြီလား... မောင် ကြာရိပ်ကို ဘာလို့ပစ်ထားတာလဲဟင် ကြာရိပ် မောင့်ကို အကြာကြီးစောင့်နေခဲ့တာ... ကြာရိပ်မယ် မောင် ကြာရိပ်ကိုချစ်တယ်နော်..... မငိုပါနဲ့ကြာရိပ်ရယ်.... မေ...