ခြောက်

645 31 0
                                    


" ရေး....အစ်ကိုက အရမ်းတော်တာပဲ...."

သူ အဆုံးသတ်သံစဥ်ကိုထိုးအပြီး တယောလေးကို ပခုံးပေါ်မှဖယ်လိုက်တော့ ကလေးငယ်တစ်ယောက်လို လက်ခုပ်တီးရင်းချီးမွမ်းစကားဆိုလာတဲ့ ကြာရိပ်ကြောင့် ခပ်လှမ်း
လှမ်းက တခွန်းသ ကို လှမ်းကြည့်လိုက်မိသည်။

သူ့ကို ခေါင်းညိတ်ကာပြုံးပြပြီး တဖြည်းဝေးဝေးသွားတဲ့ ထိုကြောပြင်ကို အားတုံ့အနားနာကြည့်ရင်း ကြာရိပ်ထိုင်နေတဲ့ခုံတန်းလေးမှာပဲ သူမအနားကပ်ကာဝင်ထိုင်လိုက်ရင်း......

" ဘယ်လိုလဲ ကြာရိပ်.... နားထောင်ရတာအဆင်ပြေရဲ့လား....."

" လုံးဝပြေတာပေါ့..... အစ်ကိုအရမ်းတော်တာပဲ..ဒါနဲ့ တယောထိုးတာကို  ဘယ်အချိန်တုန်းကသင်ထားတာလဲဟင်...."

တစ်ခုခုကိုအာရုံစိုက်ရင် ဖြစ်သွားတတ်တဲ့အပြုအမူအတိုင်း သူမက ခေါင်းလေးစောင်းငဲ့ကာစိတ်ဝင်တစားမေးလာတေယ့ သူလက်ထဲကတယောလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း
.....

" သိပ်မကြာသေးပါဘူး..... ဆရာကောင်းနဲ့တွေ့လို့ သူများထက်ပိုပြီး အတတ်မြန်သွားခဲ့တာ...."

" အစ်ကိုကလဲ အဲ့လိုပြောလို့မရဘူးလေ..... ဆရာဘယ်လောက်တော်တော် အသ်ကိုကိုယ်တိုင်လဲပါရမီပါမှပေါ့..... ကြာရိပ်ဆို ဘယ်လောက်သင်သင်မတတ်ဘူး မောင်ကအရမ်း......"

ခပ်တိုးတိုး တိမ်ဝင်သွားတဲ့သူမစကားသံအဖျားလေးတွေမသိမသာလှုပ်ခတ်သွားခဲ့တာကို သူ မသိပဲနေပါ့မလား.....

အကြိမ်ကြိမ်အားတင်းပြီး သူ့အချစ်တွေကိုသူမသိအောင်ဝန်ခံဖို့ကြိုးစားမိလေတိုင်း ဒီလိုအဖြစ်အပျက်တွေနဲ့ပဲ ဘာကြောင့်တိုးနေရသည်လဲမသိတော့ပါ......

ကြာရိပ် နဲ့ပိုမိုရင်းနှီးလာလေလေ ချစ်ရေးဆိုဝန်ခံဖို့က ပိုမိုခက်ခဲလာနေနေဖြစ်နေသည်မို့ သူ ကိုယ်တိုင်လဲ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေ......

" ဟော..... မောင်ဆောင်းဦးသာ...... အကြီးထမင်းဝိုင်းပြင်ပြီးပြီကွယ် လာလေ ညနေစာစားကြတာပေါ့...."

" ဟုတ်သား အစ်ကို..... ဒီညနေ အစ်ကို့အကြိုက် ချောင်းငါးတန်လေး အချဥ်ချက်ထားတာ.... ထမင်းစားသွားရမယ်နော်....."

စေစားရာ   ( Complete )  ( ေစစားရာ) Where stories live. Discover now