ရှစ်

601 27 0
                                    

" ကြာရိပ်..... "

" ဟုတ်ကဲ့ ... အစ်က်ို...."

" ကြာရိပ် ကိုယ့်ကိုစိတ်ဆိုးနေတာလားဟင်.... "

ဟင်းရွက်သင်နေတဲ့ ကြာရိပ်လက်ကလေးတွေ ခဏတာတုံ့ဆိုင်းသွားတာကို သူမြင်ဖြစ်အောင်မြင်လိုက်ရသည်။ ဒါပေမယ့် မကြာလိုက် သူမက အပြုံးနွမ်းနွမ်းလေးဟန်ဆောင်ပြုံးကာ ခေါင်းခါပြရင်း.....

" ကြာရိပ်က အစ်ကို့ကိုဘာလို့စိတ်ဆိုးရမှာလဲရှင်.....မဟုတ်တာ......"

" ကိုယ် ကြာရိပ်ကိစ္စတွေကို ဝင်စွက်ဖက်မိသလိုဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်...ဒါပေမယ့် အဲ့ဒါတွေအားလုံးက ကိုယ် ကြာရိပ်ကိုကောင်းစေချင်လို့ပါ....."

" အစ်ကို့ စေတနာကို ကြာရိပ် နားလည်ပါတယ် အစ်ကိုရယ်..... "

ပြောရင်းမျက်နှာလေးညိုသွားတဲ့ ကြာရိပ်ကို သူသနားမိပေမယ့်လဲ တစ်ဖက်မှာသူ့မျက်နှာကိုမျှော်လင့်တကြီးစောင့်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကြောင့် စိတ်မသက်သာစွာပဲ သက်ပြင်းတစ်ချက်ချလိုက်ရင်း.....

" ဒါဆို ကိုယ့်ကို ကြာရိပ်ဘာကြောင့် ခွဲစိပ်မှုမလုပ်ချင်တာလဲဆိုတာပြောပြလို့ရမလားဟင်..... "

ကြာရိပ်က သူမလက်ထဲကဟင်းရွက်လေးကို ဘေးဖယ်ထားလိုက်ကာ သက်ပြင်းရှည်တစ်ချက်ကိုခပ်လေးလေးချလိုက်ရင်း သူရှိရာဘက်ဆီမှန်းကာ ခေါင်းလေးကိုစောင်းငဲ့လိုက်ပြီး....

" ကြာရိပ် ရဲ့ ခင်ပွန်းကြောင့်ပါ အစ်ကို ....."

ထိုစကားက သူမျှော်မှန်းထားပြီးသားမို့ ဆောင်းဦးသာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း ခွန်းသ ရှိရာလှမ်းကြည့်မိတော့ ကြာရိပ်ကို စူးစူးစိုက်စိုက် ငေးမောကြည့်နေခဲ့လေသည်။

" မောင်က ကြာရိပ်ထက် အစစအရာရာ သာလွန်ခဲ့တဲ့သူတစ်ယောက်ပါ..... မိသားစု ၊ အသိုင်းအဝိုင်း ၊ ပညာရေး ၊ အလုပ်အကိုင် ၊ ငွေကြေး...."

" ......."

" ကြာရိပ်ထက်သာတဲ့မိန်းကလေးတွေ အများကြီးရှိပါရက်နဲ့ ​ကြာရိပ်လို မိဘမရှိ အသိုင်းအဝိုင်းမရှိတဲ့သူကိုပဲ သစ္စာရှိရှိရွေးချယ်ပေးခဲ့တယ်.... မောင့် အမေ မောင့် အစ်မ မောင့်အသိုင်းအဝိုင်းက ကြာရိပ်ကိုမလိုလားတာကိုတောင် မောင်ကဆန့်ကျင်
ခဲ့တာ..... တကယ်လို့သာ ကြာရိပ်မဟုတ်တဲ့ တခြားတစ်ယောက်နဲ့သာ မောင်လက်ထပ်ဖြစ်ခဲ့ရင် အခုလိုအဖြစ်ဆိုးမျိုးနဲ့ ဒီလောကကြီးကနေ မောင် အစောကြီးထွက်ခွာသွားခဲ့ရမှာမဟုတ်ဘူး....မောင်သာကြာရိပ်ကိုမကာကွယ်ပေးခဲ့ရင် အခုလိုအသက်ဆုံးရှုံးခဲ့ရမှာမဟုတ်ပါဘူး အစ်ကို...."

စေစားရာ   ( Complete )  ( ေစစားရာ) Opowieści tętniące życiem. Odkryj je teraz