Chae-sooကို chaeချစ်တယ်
Jisoo-"ဘယ်လို!?
Chae-"sooကိုလေ ချစ်သူတစ်ယောက်လို ချစ်တာပါsoo"
Jisoo-"Park Chaeyoung!နင်မရူးစမ်းနဲ့!"
Chae-" chaeလေsooကိုချစ်မိနေတာကြာပါပြီ ဒီနှလုံးသားထဲကနေလေ နက်နက်ရှိုင်းရှိုင်းနဲ့ချစ်တာ!"
Jisoo-"စိတ်ပျက်စရာကောင်းလိုက်တာ ငါ့ရှေ့လုံးဝထပ်ပေါ်မလာနဲ့တော့Park Chaeyoung"
Chae-"ဟင့်အင် မဖြစ်ဘူးလေ Soo!!"
Soo!!
Chae' ဒီနေ့လည်းပုံမှန်ရက်တွေလိုပါပဲsooဆီကငြင်းပယ်ခြင်းတွေနဲ့အတူ နိုးထလာခဲ့ရပြန်ပြီ sooကို ချစ်လားမေးရင် ချစ်တယ်ဆိုတာထက်ပိုတယ်လို့ပြောချင်မိသား
ဒါပေမဲ့ လက်တွေ့မှာတော့ ချစ်တယ် ဆိုတဲ့စကားကိုလုံးဝမပြောဖြစ် မပြောရဲတာဆိုပိုမှန်တယ် အကယ်၍ chaeသာ ဖွင့်ပြောခဲ့ရင်အိမ်မက်ထဲကအတိုင်းသာဖြစ်သွားခဲ့ရင် chaeရူးရလိမ့်မယ် chaeကချစ်တယ်သာဖွင့်မပြောတာပါ sooဖြစ်ချင်သမျှအကုန်ဖြည့်ဆည်းပေးsoo အတွက်ပဲတွေးပေး soo ကိုပဲအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးနေတာကို ကြည့်ခြင်းဖြင့် သူမကိုချစ်ကြောင်းပြသနေတာလေ ဒါကိုsooက သိသလား ဒါမှမဟုတ် တမင်မသိချင်ယောင်ဆောင်နေတာပဲလား...
Sooကိုကျွန်မဘယ်လောက်အရေးပေးလဲဆို အခု ကိုယ်ကမနက်စာမစားသေးဘဲ sooဖို့မနက်စာပြင်ပြီးကျောင်းကိုယူသွားဖို့လုပ်နေတာမလားတကယ်တမ်းsooကိုသိတာ3နှစ်ရှိပြီ အထက်တန်းနောက်ဆုံးနှစ်ကတည်းကလေ
Chaeတို့ကျောင်းကိုနောက်ဆုံးနှစ်မှပြောင်းလာတဲ့ နတ်သမီးလေးလိုလှတဲ့ မိန်းကလေးတစ်ယောက်ကို အထူးသတိထားမိခဲ့တာ ထူဆန်းတဲ့ကိစ္စတော့ မဟုတ်ခဲ့ ထူးဆန်းတာက ကျောင်းပြီးခါနီးမှ...အစတည်းကမနီးစပ်ခဲ့လည်းအခုသူမနဲ့ခွဲရတော့မယ်ဆိုတဲ့အသိကလူကိုနှိပ်စက်နေခဲ့တယ် ဒါကြောင့် ကိုယ်ဝါသနာပါရာကိုစွန့်လွှတ်ပြီး သူမရွေးချယ်ခဲ့တဲ့ စီးပွားရေးတက္ကသိုယ်ကိုပဲတက်ခဲ့တာ အခုဆိုဒုတိယနှစ်တောင်ရောက်သွားပြီလေ