ဝါဆိုလအစမလို့မြစ်ရေဟာတဖြည်းဖြည်းချင်းတက်လို့လာသည်။ချောင်းထဲသို့လဲရေများတရိပ်ရိပ်တိုးလာကြာသည်။ရွာသူရွာသားများကမြေပဲ၊ပဲစင်းငုံနှုတ်နေကြလေပြီ။ရေးတက်လာလို့ငါးဖမ်းခြင်းလုပ်ငန်းများကပို၍တွင်ကျယ်လာတော့မည်။ခြံလုပ်ငန်းများကလည်းသီးပင်စားပင်များကအသီးအနှံများလှိုင်လှိုင်ထွက်ချိန်ကြောင့်အဆင်ပြေကြသူများပေါသည်။မြစ်ရေကျလျှင်နှုန်းတင်မည်။ထိုအခါနောက်တစ်ဖန်စိုက်ပျိုးကြသည်။
ဘုန်းကြီးကျောင်းတွင်ရွာနှစ်ရွာကသူကြီးများအပါအဝင်ကာလသားများ၊ရွာထဲကလူကြီးသူမအချို့လည်းရောက်ရှိနေကြသည်။အကြောင်းမှာလှေပြိုင်ပွဲအတွက်ဆွေးနွေးရန်ဘုန်းကြီးမှခေါ်ထားခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့်စေညွှန်းရာကောဗလပြည့်ပါရောက်ရှိနေ့ကြသည်။သူတို့နှစ်ဦးမှာဘွဲ့ရပြီးဖြစ်ကြသော်လည်းမိဘများ၏စီးပွားရေးကိုသာကူညီလုပ်ကိုင်နေကြလေသည်။နဂိုရှိရင်းစွဲအပြိုင်အဆိုင်စိတ်ကလေးများကြောင့်ရန်ဖက်မဟုတ်သော်လည်းသိပ်အပေါက်အလန်းမတည့်ကြချေ။
"ဗျို့ကိုစေရာခုမှရောက်လာတာလား"
"ဟုတ်ပါ့ကိုမြတ်သာကြီးရေခြံထဲကအလုပ်လေးတွေမပြတ်သာလို့ခုမှလာရတာပကော"
"ကျုပ်တော့ကိုရင်ဗလစောစောလာခေါ်လို့ရောက်နေတာ"
"ကျုပ်ကဆရာတော်ခေါ်ခိုင်းတာစောစောရောက်တော့မကောင်းဘူးလားသများတွေလိုအလုပ်အကြောင်းပြနောက်ကျနေရန်မဟူတ်ပေါင်"
"ကိုရင်ဗလကတော့ပြောရော့မယ်"
"ကျုပ်ကမှန်တာပြောတာပဲ"
"ကိစ္စနမရှိပါဘူးကိုမြတ်သာရယ် တစ်ချို့ကလူလိုနားလည်သာမဟုတ်ဘူးရယ်"
"ဘာကွ"
"တော်ကြပါတော့ဗျာ အရီးညိုတို့လယ်ကနွားနှစ်ကောင်ကျနေတာပဲတွေ့တာနဲ့ခွေ့ချင်နေရောပါ့ကောလား"
"ဟာဗျာကျုပ်တို့ကခင်ဗျားပြောမှနွားဖြစ်နေပြီ"
"ဟုတ်သားဂျိုပဲပေါက်ပေးရတော့မလိုနဲ့"
"ဟော ဒါမျိုးကျအတိုင်ဖောက်ညီချက်က
ကျုပ်အိမ်ကမိုးကောင်းတို့အတိုင်းပဲ"
YOU ARE READING
လောင်းလှေ(ongoing)