part_5

74 4 2
                                    

နောက်နေ့မနက်ရောက်သော်ဗလပြည့်တစ်ယောက်အပူရှပ်ကာဖျားပါတော့သည်။
စေရာတစ်ယောက်ခြံထဲမှာစာရင်းလုပ်လိုက်ဆေးဖြန်းအသီးစွတ်နေတဲ့သူတွေကိုလိုက်ကြည့်လိုက်နှင့်အလုပ်ရှုပ်နေခဲ့သည်။ချောင်းတက်ရွာမှမကြည်မြင့်နှင့်မလှမေတို့နားရောက်တော့သူတို့ပြောတာတွေကိုတမင်နားထောင်နေတာမဟုတ်ပဲကားမိသွားသည်။

"မကြည်မြင့်ရေဗလပြည့်ကြီးဖျားလို့တဲ့တော်"

"ဖျားမပေါ့ဟယ်မနေ့ကနေပူကြီးထဲဘယ်ရေထဲဒိုင်ပင်ပြစွလာလဲမသိဘူးစိုစိုကိုရွဲလို့
အပူရှပ်တာနေမယ်"

"ခုထိသက်သာသေးဘူးတဲ့"

"ဦးကြီးလည်းအားကိုရတဲ့သားကဖျားရတယ်လို့အေ"

"အမလေးဝဏ္ဏပြည့်ကလည်းအားကိုးရပါ့
မြို့မှာကျောင်းတက်နေသုန်းမို့သာအေ"

"ခါတိုင်းရှိသမျှအလုပ်ကုန်းးရုန်းလုပ်တဲ့သူကမထနိုင်ဘူးဆိုတော့တော်တော်နေမကောင်းလို့ဖြစ်မယ်"

"ဟုတ်ပါ့"

စေရာလည်းအပြစ်မကင်းသူမို့လူနာမေးသွားရင်ကောင်းမမလားမကောင်းမလားတွေဝေနေသည်။အရင်ကမတည့်ကြပေမဲ့ရန်ညှိုးရှိကြတဲ့သူတွေမဟုတ်။အခုကိစ္စကလည်းမိမိကြောင့်ဖြစ်ရတာကြောင့်လူနာမေးသွားရန်ချောင်းတက်ရွာသို့ထွက်လာလိုက်သည်။
ချောင်းတက်ရွာထဲသို့ရောက်တော့ကိုမြတ်သာနဲ့တွေ့တော့

"ဟေးစေရာ ဘာကိစ္စရှိလို့လဲကွတို့ရွာဘက်လာတာ"

"ဟိုဟာ ဗလပြည့်တစ်ယောက်နေမကောင်းဘူးကြားလို့"

"ဟုတ်ပါ့ မနေ့ကအပူရှပ်ပြီးဖျားသွားတယ်ထင်ပါ့ ဆေးမှုးလေးတော့လာသွားတယ်ပြောတာပဲ"

"ကျွန်တော့်ကြောင့်ဖျားတာဆိုတော့သတင်းသွားမေးမလို့"

"မင့်ကြောင့်ရယ်လို့ဟုတ်ပါဘူးကွာ ဗလကြီးကစေတနာအကောင်းသားကွ သူကမင့်လည်းစေတနာနဲ့ဆင်းကယ်တာပါကွ ဒါနဲ့မင်းကောဖျားသေးလား"

"ကျွန်တော်ကမဖျားပါဘူး ကိုမြတ်သာကောဘယ်ကပြန်လာတာလဲ"

"တောထဲကပြန်လာတာ အေးစကားကောင်းနေလိုက်တာနေမြင့်တော့မယ်"

လောင်းလှေ(ongoing)Where stories live. Discover now