တဖြည်းဖြည်းနဲ့တန်ဆောင်မုန်းတန်ဆောင်တိုင်လသို့ရောက်ရှိလာပြီဖြစ်သည်။အအေးဓာတ်တို့ပိုပိုကဲကာဆောင်းရာသီသို့စတင်ခြင်းနင်းဝင်ရောက်လာလေသည်။အအေးဓာတ်တို့ထူးကဲလှသည့်ညအချိန်တွင်ကိုကိုလူပျိုကာလသားတို့စုကာသီချင်းဆိုလေ့ရှိကြသည်မှာချောင်းဆုံကောကုန်းတက်ကောနှစ်ရွာလုံးရဲ့ချစ်စရာကောင်းတဲ့ဓလေ့လေးဖြစ်သည်။တစ်ချို့ကချစ်ရသူများ၏အိမ်ရှေ့သို့သွားကာလူပျိုလှည့်တေးသီဆိုကြသည်။တစ်ချို့ကတော့ကာလသားတစ်ယောက်ယောက်၏အိမ်တွင်စုကာသီဆိုကြလေသည်။ဟိုအရင်ခေတ်ကမယ်ဒလင်တီးတက်လျှင်ပွဲတိုင်းကျော်ဆိုသလိုယခုကာလတွင်တော့ဂစ်တာတီးတက်လျှင်ညတိုင်းနီးပါးတစ်ဖွဲ့မဟုတ်တစ်ဖွဲ့နှင့်လိုက်ရသည်။မိဘများကလည်းမငြူစူကြပေ။အလှည့်ကျသည့်အိမ်ကစားစရာများပါစီစည်ပေးကြလေသည်။
ဒီတစ်ပတ်အတွက်ဗလပြည့်တို့အိမ်သို့အလှည့်ကျလေသည်။ဗလပြည့်စေရာကိုပါခေါ်ထားလေသည်။ချစ်ရသူလေးကိုမိမိအိမ်တွင်ညအိပ်စေရန်ပါသူ့အိမ်ထိလိုက်ခွင့်တောင်းထားလေသည်။အရီးညွှန်းတင်၏"မင်းတို့ချင်းအဆင်ပြေရင်ပြီးတာပဲပြီးမှသတ်မလာကြနဲ့"ဟုပြောသံတွင်ဗလပြည့်တစ်ယောက်အကျေနပ်ကြီးကျေနပ်နေလေသည်။စိတ်ထဲတွင်လည်းယောက္ခမဂုနောအန္တနောဟုမှတ်ကာဦးသုံးကြိမ်ပြေးချလိုက်လေသည်။
ဗလပြည့်အိမ်မှာကာလသားများအတော်စုံလင်စွာရောက်ရှိနေကြသည်။မုန့်များမှာလည်းလက်ဖက်သုပ်၊မုန့်ဖက်ထုပ်၊မြေပဲပြုတ်စသည်တို့ကိုအစုံအလင်လုပ်ပေးထားရာအကုန်သဘောခွေ့နေလေသည်။ဗလပြည့်ကတော့အအေးကဲလာပြီဖြစ်သည့်အတွက်လက်ရှည်အပြာနုရောင်လေးဝတ်ထားတဲ့စေရာကိုကြည့်ကာရင်ထဲမှာညလေအေးနှင့်အပြိုင်အေးနေလေသည်။စေရာသည်လည်းအပေါင်းအသင်းများနှင့်အလွန်ပျော်ရွှင်နေလေသည်။
"ဗလပြည့်ဒီတစ်ခါမင်းကိုယ်တိုင်ဆိုပါဦးကွတီးပဲတီးပေးမနေနဲ့လေ"
ဟုကိုထွန်းမောင်ကပြောလေသည်။"ဟုတ်တယ်ဟေ့ ဗလကြီးဆိုကွ"
"အဟဲ အဲ့တာဆိုကျုပ်ဆိုမယ်နော်"
ဗလပြည့်တစ်ယောက်ချစ်ရသူရဲ့မျက်နှာကိုကြည့်ကာစတင်သီဆိုလေသည်။
YOU ARE READING
လောင်းလှေ(ongoing)