အအေးဓာတ်တို့တဖြည်းဖြည်းလွန်ကဲလာတဲ့ပြာသိုလ်လထဲသို့ဝင်ရောက်လာလေသည်။စေညွှန်းရာရဲ့အမဖြစ်သူယုယညွှန်းတင်၏ကိုယ်ဝန်သည်တဖြည်းဖြည်းနှင့်ပူလာလေသည်။ယောကျာ်းဖြစ်သူဆုံးပါးသွားပေမဲ့မိဘများနှင့်မောင်ဖြစ်သူကြောင့်ပူပန်စရာမရှိလှပေ။နဂိုထဲကသူတို့မောင်နှမမှာစိတ်မာတက်သူများဖြစ်သောကြောင့်အားငယ်စိတ်များမရှိလှပေ။ငယ်စဥ်ကထဲကအမဖြစ်သူကိုစေရာကသိပ်ချစ်သလိုမောင်ဖြစ်သူကိုလည်းအမကအစစအရာရာနားလည်ပေးပြီးကာကွယ်ပေးတက်လေသည်။
"အမရယ်အေးအေးဆေးဆေးနေစမ်းပါ
ဒီအလုပ်တွေငါလုပ်ပါ့မယ်""စေရာရယ်ငါကအပင်လေးတွေရေလောင်းနေတာပါ နင့်မှာခြံထဲလဲသွားရအိမ်အလုပ်လဲဝိုင်းကူရနဲ့အခုကငါပျင်းနေလို့အပင်လေးတွေရေလောင်းတာပါဟယ်"
"နဂိုတုန်းကလိုဆိုငါကဘာမှမပြောပါဘူးအမရယ်အခုဟာကဗိုက်နဲ့အထဲမှာငါ့တူလေးလားတူမလေးလားရှိတယ်လေသွားပါနင်ငြိမ်ငြိမ်သာနေလိုက်စမ်းပါအမရယ်"
"အေးဟေ့ပြောမရလည်းနင့်ဘာသာပဲလောင်းတော့ရော့"
အပင်ရေလောင်းနေသည့်ခွက်အားစေရာလက်ထဲသို့ထည့်ကာအိမ်ထဲသို့ယုယဝင်သွားလိုက်သည်။အိမ်ထဲကထွက်လာတဲ့အမေဖြစ်သူက
"ဟေးဒီမောင်နှမဘာဖြစ်နေကြတာလဲ"
"အမေရေအမေ့သားကသမီးကိုဟိုဟာမလုပ်ရဒီဟာမလုပ်ရနဲ့ပြောနေတာ"
"အပင်ရေမလောင်းခိုင်းလို့တဲ့အမေရေ"
"အမလေးစေရာရယ်ကိုယ်ဝန်သည်ဆိုတာငြိမ်နေတိုင်းလည်းမကောင်းဘူးလှုပ်လှုပ်ရှားရှားလေးလဲရှိရတယ်သားရဲ့"
"ကျုပ်ကစိတ်ပူလို့ပါအမေရဲ့"
"အမလေးအမေအကဲပိုနေတာသမီးတောင်ဒီလောက်ဖြစ်နေရင်သူ့မိန်းမရရင်ဘယ်လိုများနေမလဲမသိပါဘူးနော်"
"ငါမိန်းမမယူဘူး"
"အမလေးအပြောကရွှေမန်းပဲပြီးမှချိုမိုင်မိုင်ကမပြနဲ့စေရာ"
"ကဲကဲတော်ကြပါတော့ သားလည်းခြံထဲသွားရမှာမလားသွား သမီးကလည်းမောင်လေးကိုစမနေနဲ့တော့"
YOU ARE READING
လောင်းလှေ(ongoing)