part-7

92 4 3
                                    

တရွေ့ရွေ့ကူန်ဆုံးလာသည်နှင့်အမျှတော်သလင်းလထဲသို့ရောက်ရှိလာသည်။
ဗလပြည့်လည်းစေရာကိုဖွင့်ပြောပြီးမသိမသာကောသိသိသာသာပါလိုက်လံပိုးပန်းသည်။ဒီနှစ်လှေပြိုင်ပွဲကဗလပြည့်အတွက်အမြတ်ကြီးကြီးရလိုက်တဲ့ပွဲစားကြီးလိုပါပဲဆရာတော်ဘာခိုင်းခိုင်းဖြီးဖြီးကြီးဖြစ်နေတာကသက်သေပါလေ။

"ကဲနောက်နှစ်ရက်နေရင်လှေပြိုင်ပွဲကလည်းစတော့မယ် အကုန်ခုံးညီညီညွတ်ညွတ်နဲ့ဆောင်ရွက်ကြဖို့ဆရာတော်ကတော့မျှော်လင့်တာပဲ"

"တင့်ပါ့"

"ပြိုင်ပွဲပြီးလို့ထမင်းကျွေးကြမဲ့သူတွေကောခုထဲကစီစဉ်နေကြပြီလား"

"တင့်ပါ့ဘုန်းဘုန်းရွာထဲကအရီးတို့ကောအပျိူခေါင်းဆောင်မကြည်သာတို့ကောအကုန်ဝိုင်းဝန်းလုပ်ဆောင်နေပါတယ်ဘုန်းဘုန်း"

"အေးကွယ် ဗလနဲ့စေရာရှိပေလို့ပဲ အစစအရာရာစိတ်ချရတယ်ကွဲ့ မင်းတို့လည်းခုလိုအတူတူဆောင်ရွက်ကြတော့အရင်ကလိုရန်မဖြစ်ကြပဲသင့်မြတ်လာကြသလားကွဲ့"

"တင့်ပါ့မေတ္တာတွေတိုးပွားလာကြောင်းပါဘုရား"

ဗလပြည့်လျှောက်တင်သံကြားတော့စေရာတစ်ယောက်မျက်စောင်းခဲကာပြန်လည်းပြောမရရန်လည်းလုပ်မရဖြစ်နေလေသည်။ရှက်တာကောပေါ့။ဘုန်းကြီးမေးတာတစ်ခြားသူဖြေတာတစ်ခြားဟုစိတ်ထဲတွင်သာပြောလိုက်သည်။

"အေးကွယ်မေတ္တာဆိုတာလူတိုင်းအပေါ်ထားရတယ်ကွဲ့လူတိုင်းကိုမေတ္တာတရားလက်ကိုင်ထားပြီးဆက်ဆံရင်အမုန်းတွေဆိုတာလျော့ပါးသွားကြမှာအသေအချာပေါ့
ရန်သူအချင်းဖြစ်စေဦးတော့ရန်သူအပေါ်မေတ္တာထားရင်အောင်နိုင်ရာဖြစ်တယ်တဲ့"

"တင်ပါ့ဘုရား"

"ကဲလုပ်စရာရှိတာသွားလုပ်ကြတော့ဘုန်းဘုန်းကအခြေအနေသိချင်လို့မေးတာ"

"တင့်ပါ့ဘုန်းဘုန်း"

ဗလနဲ့စေရာအောက်ကိုဆင်းလာပြီးဟင်းချက်မည့်နေရာသို့ကူညီဖို့သွားရာဝယ်

"စေရာ စောနကဘုန်းဘုန်းပြောတာကြားလား"

"ကြားတယ်လေ"

လောင်းလှေ(ongoing)Where stories live. Discover now