"စေရာမြို့သွားတယ်တဲ့တော်"
"ဘာလို့တဲ့တုန်း"
"အရင်ကထဲကသွားဖို့လုပ်တယ်ပြောသာပဲအေ့ အခုမှရုတ်တရက်ကြီးထသွားတယ်တော်"
စေရာနဲ့အဆက်အသွယ်မရတာတစ်ပတ်လောက်ရှိပြီ။ရုတ်တရက်ကြီးဘယ်လိုအဆက်အသွယ်မှမရတော့တာဖြစ်လို့အိမ်ဘက်ကိုသွားသွားကြည့်သော်လည်းအရိပ်အရောင်တောင်မမြင်ရပေ။
စေရာဘာတွေဖြစ်နေလည်းမသိရသလို
မိမိကိုဘာကြောင့်အဆက်အသွယ်ဖြတ်ထားမှန်းမသိသောကြောင့်ဗလပြည့်တစ်ယောက်ရင်မောရသည်။အိမ်ကပေးစားမည့်သူကိုငြင်းကာစေရာတစ်မျက်နှာပဲကြည့်ခဲ့သည်မှာကိုယ်အသိဆုံးပင်။ဘယ်တွေများရောက်နေလဲကိုယ့်အချစ်ရေ...........။တစ်ရက်၊နှစ်ရက်၊တစ်ပတ်၊နှစ်ပတ်၊တစ်လ၊နှစ်လနှင့်အချိန်တွေစားရင်းစေရာမြို့ကိုသွားတာသုံးလလောက်ရှိချေတော့မည်။အဆက်အသွယ်လည်းမရခဲ့သူ့အိမ်သို့မယောင်မလည်သွားရင်းမေးသော်လည်းမြို့သွားသည်ဟုသာဖြေသည်။ဒီထက်လည်းပို၍မေးလို့မကောင်း။
"လွမ်းလိုက်တာစေရာရယ်ဘာလို့ကိုယ့်ကိုအဆက်အသွယ်မလုပ်ပဲနေရတာလည်း
ရုတ်တရက်ကြီးကွာ"ဗလပြည့်ငြီးငြူနေကုအိမ်ရှေ့ကွပ်ပြစ်မှာထိုင်နေတုန်းရွာထဲမှကာလသားအချို့ဝင်လာကာ
"ဟိတ်ကောင်ကြီးဘာတွေငြီးငြူနေတာတုန်းကွ"
"ဘာမှမဟုတ်ပါဘူးကွာ"
"အောင်မာပါးစပ်ကတတွတ်တွတ်နဲ့ပြောနေတာကြားတယ်နော်ငါတို့က"
"ဘာမှမဟုတ်ပါဘူးဆိုကွာ ဒါနဲ့စေရာသတင်းဘာကြားသေးလည်း"
"ဘာကြားရမှာလဲကွ စေရာမြို့သွားတယ်ပြောတာပဲလေသုံးလလောက်တောင်ရှိပေါ့
မင်းကအထူးအဆန်းလုပ်ပြီးမေးနေတယ်""အေးပါကွာ"
"ဟမင်းအသံကြီးကလည်း"
"ကဲ ထားလိုက်တော့ ငါတို့ချောင်းထဲရေကူးသွားမလို့လိုက်ဦးမလားလာမေးတာ ဗလလိုက်ခဲ့ကွာ"
"အေးဟုတ်တယ်ကွလိုက်ခဲ့ပါကွ"
"မလိုက်ချင်ပါဘူးကွာ"
YOU ARE READING
လောင်းလှေ(ongoing)