မနက်စောစောရွာထဲသို့ဆွမ်းခံကြွလာတဲ့ကြေးစည်သံနှင့်အတူလူများရဲ့လှုပ်ရှားမှုသည်ချောင်းတက်ရွာရဲ့မနက်ခင်းမှာသက်ဝင်လှုပ်ရှားနေကြသည်။စောစောထတာကရွာကလူတိုင်းရဲ့အကျင့်ဖြစ်သလိုဗလပြည့်တစ်ယောက်မျက်နှာသစ်ပြင်ဆင်ကာမနက်စာစားပြီးအဖော်များကိုစောင့်နေလိုက်သည်။ယနေ့
ဆရာတော်ခိုင်းထားတဲ့နေရာကြည့်ဖို့သွားရမည်။ချောင်တက်ရွာမှကာလသားနှစ်ယောက်သုံးယောက်နှင့်ကုန်းတက်ရွာမှကာလသားတို့နှင့်အတူသူရယ်စေရာရယ်အတူသွားကြည့်ရမည်။ကိုမြတ်သာတို့လာလျှင်ကုန်းတက်ဘက်သို့သွားကာစေရာတို့ကိုသွားခေါ်ရလေမည်။"ဟေး ဗလ"
"လာဗျ ကိုမြတ်သာကြီး"
"မဝင်တော့ဘူးကွနောက်ကျနေတော့မယ်သွားရအောင်လေ"
"လာပြီဗျို့ အမေရေသားသွားလိုက်ဦးမယ်နော် အပြန်မှအခင်းဘက်ဝင်ကြည့်လိုက်မယ်"
"အေးအေး"
ကုန်းတက်ကစေရာတို့ခြံမှာသူတို့ရွာဿာလသားတွေစုကြမည်။စေရာတို့ခြံကိုသာဦးတည်သွားလိုက်သည်။
"ကိုကြီးစေရာကိုဗလတို့လာပြီဗျ"
ခြံထဲမှာတကုတ်ကုတ်နဲ့ခြံအလုပ်တွေလုပ်နေတဲ့စေရာတစ်ယောက်ပုဆိုးကွက်စိပ်နီညိုရောင်လေးနဲ့အပြာနုရောင်ရှပ်အကျီဟာမညိုပဲဝါဖန့်ဖန့်ရှိတဲ့အသားအရည်နှင့်အတော်လိုက်ဖက်လှသည်။ဗလပြည့်တစ်ယောက်သေချာကြည့်နေမိသည်။ဟန်ကိုယ့်ဖို့ချောင်းတစ်ချက်ဟန့်ကာ
"အဟမ်း လူစုံပြီလား သွားရအောင်"
"စုံပြီလှေတွေကိုလည်းချောင်းစပ်မှာ
စီစဥ်ထားပြီးပြီ""အဲ့တာဆိုနှစ်ယောက်တစ်စီးသွားကြမယ်
ငါနဲ့ကိုမြတိသာနဲ့တစ်စီး မင်းနဲ့ကိုရင်မောင်ကတစ်စီး အငယ်နှစ်ယောက်ကတစ်စီးအဆင်ပြေလား""ရတယ်ကိုကြီး"
"အဲ့တာဆိုသွားရအောင်"
အကုန်ချောင်းစပ်ကိုသွားရာတွင်ဗလပြည့်တစ်ယောက်စေရာနားသို့ကပ်ခါမခံသာအောင်စလိုက်သည်။
"ဒီနေ့ကိုယ့်ညွှန်းကသိပ်ချောပါ့လား"
"ဘာကွ မင်း"
YOU ARE READING
လောင်းလှေ(ongoing)