Part_1

290 13 2
                                    

"ဝါဆိုဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရားစူးချုံဟိုအထဲက
မျှော့နက်မဲကြီးတွယ်တက်တယ်
မျှော့နက်ဆိုတာဂျိုနဲ့လားကွဲ့
မြွေနဂါးတောင်ကြောက်ဖူးကွယ်
တို့လဲကြောက်ပေါင်အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်
သွားမယ် သွားကွယ်"

ချောင်းဆုံရွာရဲ့လမ်းမထက်မှာကလေးများရဲ့သပြေသီးကောက်ကဗျာသံကပျံလွင့်လျက်ရှိသည်။ဧရာဝတီမြစ်၏မြစ်လက်တက်လေးကဲ့သို့ဖြစ်နေသောချောင်းကဧရာဝတီမြစ်ထဲသို့ပေါင်းဆုံရာနေရာတွင်တည်ရှိသောကြောင့်ချောင်းဆုံရွာဟုအမည်တွင်သည်။ချောင်းဆုံရွာ၏အတွင်းဘက်တွင်ရှိသောရွာကိုကုန်းတက်ဟုခေါ်သည်။ရွာနှစ်ရွာကမကြီးလွန်း
မငယ်လွန်းအသင့်အတင့်အိမ်ခြေများရှိလေသည်။အများစုကလယ်ယာလုပ်ငန်းနဲ့ငါးဖမ်းခြင်း၊ခြံစိုက်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်ကြသည်။ရွာနှစ်ရွာတွင်အထက်တန်းစာသင်ကျောင်းတစ်ကျောင်းရှိပြီးနှစ်ရွာလုံးကကျောင်းသားကျောင်းသူများကထိုကျောင်းတွင်သာတက်ကြလေသည်။ဘုန်းကြီးကျောင်းကလည်းနှစ်ရွာပေါင်းမှတစ်ကျောင်းထဲသာရှိလေသည်။

"ဟေးအေးစိန်မရေသတင်းထူးတော့အေ"

"အရီးမြခင်ကလည်းဘာသတင်းလည်းပြောပြဦးလေတော်"

"ပြောမှာပေါ့အေပြောချင်လွန်းလို့
ဒီနှစ်လှေပြိုင်ပွဲကိုလေချောင်းဆုံနဲ့ကုန်းတက်နှစ်ရွာပေါင်းပြီးလုပ်ရမယ်တဲ့တော်အေ့"

"ဟုတ်လို့လားအရီးကလည်းခါတိုင်းကိုယ့်ရွာနဲ့ကိုယ်လုပ်နေကြပါ"

"ဟုတ်သမှသိပ်ဟုတ်ပါအေ ဘုန်းကြီးကနှစ်ရွာပေါင်းပြီးပိုစည်ကားအောင်လုပ်ရမယ်လို့မိန့်လိုက်တယ်တဲ့ သူကြီးကကာလသားခေါင်းဆောင်ဗလပြည့်ကိုပြောနေတာငါကြားခဲ့တာပါတော်"

"ဒါဆိုရင်တော့ဟိုဘက်ရွာကကိုစေညွှန်းရာတို့အဖွဲ့နဲ့ဒီဘက်ရွာကကိုဗလပြည့်တို့အဖွဲ့တော့အပြိုင်အဆိုင်တွေ့ကြပြီပေါ့
အမလေးဒီအကြောင်းကိုခင်ထားတို့ကိုလည်းသွားပြောရတမယ်အရီးမြခင်ရေ"

"ညည်းတို့ကတော့နိုင်ကိုမနိုင်ပါဘူးအေ"

ဝါဆိူဝါခေါင်ရေတွေတက်လို့နှုန်းမြေနဲ့စိုက်ပျိုးပြီးချိန်မှာတော့တော်သလင်းလရောက်ရင်တော့ဖြင့်ချောင်းဆုံကောကုန်းတက်ကောနှစ်ရွာလုံးကလှေပြိုင်ပွဲကျင်းပကြသည်။ရှေးထဲကကျင်းပလာကြတာမို့ဓလေ့ကဲ့သို့ဖြစ်နေကာလှေပြိုင်ပွဲချိန်ဆိုရွာရှိလူကုန်ပျော်ရွှင်နေကာအားကြိုးမာန်တက်ကျင်းပကြလေ့ရှိသည်။ဒီနှစ်နှစ်ရွာပေါင်းလုပ်မည်ဆိုတော့ပိုစည်ကားမည်မှာသေချာပေါက်ပင်။
ရွာတွေရဲ့ကာလသားခေါင်းဆောင်တွေဖြစ်ကြတဲ့ဗလပြာ့်နဲ့စေညွှန်းရာဆိုတာဥစ္စာပေါရုပ်ချော၊ပညာတက်ပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေဖြစ်ကြတာမို့ဒီနှစ်လှေပြိုင်ပွဲကတော့နှစ်ရွာလုံးရဲ့ကာလသမီးတွေသည်းသည်းလှုပ်ပူံတွေကိုမြင်တွေရမှာဖြစ်ပါတယ်။
အခုချိန်ဆိုရင်တော့အေးစိန်မနဲ့ဒေါ်မြခင်
​လက်ချက်နဲ့ရွာထဲတော့ထိုသတင်းဟာဟိုးလေးတကြော်ကြော်ဖြစ်လို့နေလောက်ပါသည်။အပြိုင်အဆိုင်ဖြစိကြတဲ့ဗလပြည့်နဲ့စေညွှန်းရာတို့တော့ဒီလှေပြိုင်ပွဲကိုဘယ်လိုကျင်းပကြမည်ပါလိမ့်။

လောင်းလှေ(ongoing)Where stories live. Discover now