တော်သလင်းလရောက်ခါနီးလေ
ရွာသူရွာသားတွေပဲနှုတ်ဖို့အလုပ်တွေရှုပ်နေသလိုဗလပြည့်တို့လဲယာထဲခြံထဲကတစ်မျိုး
ဘုန်းဘုန်းရဲ့စေခိုင်းမှုကြောင့်စီစဥ်နေရတာကတစ်မျိုးနဲ့လုံးလည်ချာလည်လိုက်လို့နေသည်။ဗလပြည့်နဲ့စေရာတို့အရငိကလိုရန်မသတ်တော့ပဲပိုအဆင်ပြေလာကြသည်။
ဗလပြည့်နေမကောင်းဖြစ်ပြီးနောက်ပိုင်းဆိုပိုမှန်လိမ့်မည်။ဗလပြည့်တစ်ယောက်သိသိသာသာကိုစေရာကိုအလျော့ပေးလာကာစေရာလည်းအရင်ကလောက်ရန်မတွေ့တော့ပေ။
သိုပေမဲ့အရင်ကနဲ့မတူစွာမထိတထိစတာမျိုးလေးတွေရှိလာသည်။အခုလည်းဘုန်းကြီးကလှေပြိုင်ပွဲပြီးလျှင်ရွာသူရွာသားများကိုထမင်းကျွေးမည်ဖြစ်သဖြင့်ငါးခြောက်ငါးခြမ်းများဝယ်ရန်အတွက်မြို့ကိုလွှတ်လိုက်ရာဗလပြည့်နှင့်စေရာတို့နှစ်ယောက်မြို့သို့ရောက်လာခြင်းဖြစ်သည်။အရင်ကလည်းတက္ကသိုလ်တက်စဥ်ကခြေတိုအောင်လျှောက်သွားခဲ့ကြသည်းအတွက်သူတို့နှစ်ယောက်အတွက်အခက်အခဲမရှိပေ။"စေရာစျေးဝယ်ပြီးရင်ဝဏ္ဏဆီခနဝင်ဦးမယ်နော်"
"အဲ့တာဆိုပစ္စည်းတွေကိုဆိုင်မှာအပ်ထားခဲ့မယ်လေအပြန်ကျမှလာယူတာပေါ့"
"ညွှန်းသဘော"
"မင်း..."
"စတာပါကွာ"
တက္ကသိုလ်ထဲရောက်တော့ဝဏ္ဏဆီဖုန်းဆက်ကာဗလပြည့်တို့နှစ်ယောက်ထိုင်စောင့်နေလိုက်ကြသည်။
"စေရာ ကျောင်းကမရောက်တာကြာလို့လားမသိဘူးကွာလွမ်းစရာပဲနော်"
"ဟုတ်တယ် ကျောင်းသားဘဝကပျော်ဖို့ကောင်းတယ် ဘာအပူအပင်မှလဲမရှိဘူး"
"စေရာ မင်းသိလား ငါလေဒီကံ့ကော်ပင်အောက်ကခုံတွေမှာ ငါချစ်တဲ့သူနဲ့အတူတူထိုင်ဖူးချင်ခဲ့တာ"
"မင်းမှာချစ်ရမဲ့သူရှိတယ်ပေါ့"
"ရှိတာပေါ့"
"အဲ့တော့သူနဲ့တူတူလာထိုင်ပေါ့ကွာ"
"အင်း သူနဲ့တူတူထိုင်နေပါတယ်"
"ဟမ်"
"ဟုတ်တယ် စေရာ ငါမင်းကိုသဘောကျတယ် ၊ပြီးတော့ချစ်လည်းချစ်ပါတယ်"
YOU ARE READING
လောင်းလှေ(ongoing)