*Unicode*
ဒုန်း!ခွမ်း!
လူချမ်းသာတို့နေထိုင်ရာရပ်ကွက်လေးဖြစ်နေသည့် အလျောက် အာရုံဦးနံနကျခငျးလေးဟာ ဆိတ်ငြိမ်နေသော်ငြား ကင်မ်အိမ်တော်အတွင်း အိမ်တွင်းစစ်ဖြစ်ပွားနေသည့်အလား အိမ်တော်သခင်လေးမှာသောင်းကြမ်းလို့နေသည်။
မျက်စိရှေ့တွေ့သမျှ ပေါက်ခွဲပစ်ကာ အလိုမကျကြောင်းပြသနေတဲ့ လူရမ်းကားကို အဖေဖြစ်သူနှင့်အမေဖြစ်သူကပါ လက်လျော့အလွတ်ပေးထားရသည်အထိ ဒီကောင်ကသိပ်ဆိုးသွမ်းပြနေခဲ့တာ။"အားရှ်! ပြောလိုက် သူလာရင်ပြောလိုက် ငါအခန်းထဲမှာစောင့်နေတယ်ဆိုတာ !တောက်စ့်!"
အားရအောင်ပေါက်ကွဲပြီးမှ ဖြစ်ချင်တာပြောသွားတဲ့ လူရမ်းကားက ဒေါသမပြေသေးကြောင်း ပေါက်ထွက်မတက် ထောင်နေသောလည်ပင်သွေးကြောတွေကိုကြည့်ရုံဖြင့် တန်းသိနိုင်သည်။
ပန်းအိုးကွဲအစ ပန်းကန်းအကွဲများဖြင့် အောက်ထပ်တစ်ခုလုံးခြေနင်းစရာနေရာမရှိအောင်အထိ ထိုကောင်လေးကြမ်းပြသွားခဲ့တာ။ဒီကောင့်စိတ်တွေအစိုးမရပေ။ မနက်စောစောမြင်ချင်တာ စီးကရက်ငယ်ရဲ့ မျက်ဝန်းဝိုင်းဝိုင်းကြီးတေကို။ မုန်းသည် မုန်းလွန်းလို့ တစ်နေ့တာရဲ့အစကို မျက်နှာလှလှလေးနဲ့အစပြုချင်တဲ့ ဒီကောင့်မုန်းခြင်းတရား။
သူ့အမုန်းကိုဥပေက္ခာပြုပြီး စီးကရက်လေးက ကျောင်းကစီနီယာလာခေါ်လို့ ဆိုတဲ့ အကြောင်းပြချက်လှလှလေးနဲ့ စောစောစီးစီးပါသွားတယ်ဆိုပဲ..ဒါကင်မ့ထယ်ယောင်းကိုသက်သက်လာကြောတာ။"ဟက်..ဂျွန်ဂျောင်ဂု...ဂျွန်ဂျောင်ဂု!တောက်စ့်!"
မနေ့ညကအသောက်များလို့ မကြည်မလင်ဖြစ်နေတဲ့ရောဂါက စီးကရက်ငယ် တစ်ပါးသူတစ်ယောက်နှင့်ပါသွားသည်ဆိုတဲ့အတွေးတေဝင်လာတာကြောင့် ကြက်ပျောက်ငှက်ပျောက်။ စီနီယာဆိုတဲ့ကောင်နဲ့ ရယ်စရာတေပြောပြီး အပြုံးလှလှလေးတေနဲ့ ရယ်မောနေမလား။ ကြယ်သာယာအစုအဝေးတို့တည်ရှိနေတဲ့ မျက်ဝန်းဝိုင်းဝိုင်းကြီးတေ တဖျပ်ဖျပ်ပုတ်ခတ်ပြီး စီနီယာကောင်ကိုကြည့်နေမလား။ အလိုမကျချိန် ဆူထော်ထားတက်တဲ့ ပန်းနုရောင်နှုတ်ခမ်းသားပါးပါးလေးကို စီနီယာကောင်ပြစ်မှားနေမလား။ သူသိပ်မုန်းတဲ့ စီးကရက်ငယ်ရဲ့အလှတေမှာ နှစ်မွန်းသွားမလား။ ထိုစိတ်! ထိုအေတြးက ဒီကောင့် ဒေါသကို တမြေ့မြေ့လောင်ကျွမ်းစေကာမှ အရှိန်အဟုန်ကောင်းလွန်းသည်။
YOU ARE READING
Alcohol and Cigarette
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature