*Unicode*
လမ်းမထက် ရှေ့ဆင့်နောက်ဆင့်ကျောင်းသို့ လမ်းလျှောက်သွားနေသော လွယ်အိတ်ကိုယ်စီဖြင့် uni ကျောင်းသားကောင်လေး 2 ယောက်ရဲ့ လည်တိုင်တွေထက်တွင် သွားရာအပေါက်အပြဲအကွင်းလိုက်တွေက Couple ရှိနေတာသည်က ကြည်နူးစရာတမျိုးမဟုတ်လား။ သို့သော် ဆောင်းလေ ဆောင်းရဲ့အအေးဒဏ်ကြောင့် တစ်ဆစ်ဆစ်ကိုက်ခဲကာ တော်တော်လေးနာကျင်ပေမဲ့ အနောက်ကလိုက်ပါလာသူက ပြုံးဖြီး၍နေသည်မှာ မှိုရထားတဲ့မျက်နှာဆိုတာမျိုး။
တကယ်လည်း မှိုရထားတာပါ။
ဒီကောင့် ရှေ့ကအနွေးထည်ထူထူကြီးကြား မြုပ်နေကာ ခုန်စွခုန်စွသွားနေတဲ့ ကောက်စိန် မှိုပွင့်လေးကို အပိုင်စားရထားတာ။သူကလည်းအရင်လာကိုက်သေးတယ် ဒီကောင်ကပြန်ကိုက်မိတော့ ကောက်ကွေးသွားကာ ကျောင်းကိုကားနဲ့အတူမသွားဘူး တစ်ယောက်တည်းလမ်းလျှောက်မယ် ဆိုပြီး ထွက်သွားတာမို့ စိတ်မချလွန်းတဲ့ ဒီကောင်ကပဲအနောက်ကလိုက်လာရသည်။ ကောက်ချင်ရင်လည်း ဒီကောင်ရင်ဘတ်ကိာထုပြီးကောက်မှပေါ့။ ကျောင်းကိုလမ်းလျှောက်သွားခြင်းတွေနဲ့ စိတ်ကောက်ပြရတယ်လို့ တကယ်ဘာလေးမှန်းကိုမသိဘူး။ အသဲယားလို့ကိုက်ပစ်ရင်လည်း ထပ်ကောက်ဦးမည်။
"အ့!..."
"လဲပြီ ကြည့်!...."
"ဖယ်!"
ခြေခေါက်လှဲသွားတာမြင်တော့ ထူပူလာတဲ့စိတ်ထက်အရင် လူက စီးကရက်လေးအနားသို့ရောက်နှင့်နေပြီ။ မောင့်အသက်ရှူသံသည် ချက်ချင်းပြင်းပျလာသည်။ ထူဖို့လုပ်ပေးရာ တွန်းထုတ်ခံလိုက်ရသည်ကြောင့် ထွက်နေတဲ့ဒေါသကပိုထွက်လာရသည်။
"ကျစ်! မင်းကွာ မောင့်စကားနားမှမထောင်တာကို ပေးခြေထောက်"
"......"
"ဂျွန်ဂျောင်ဂု မောင်ပြောနေတယ်လေ ခြေထောက်ပေးလို့!!"
ခြေထောက်ကို အထိမခံဘဲရုတ်သိမ်းနေတဲ့ ဟာလေးကြောင့် စိတ်မရှည်စွာ ဆတ်ခနဲဆွဲယူလိုက်သည်။ အဆစ်လွဲသွားတယ်ထင်၍ ခြေကောက်ဝတ်ကလေးကို အသာကိုင်ကာ အနည်းငယ်လှည့်ကြည့်တော့ မောင့်အပိုင်ဟာ အော်ငိုလာချေပြီ။
YOU ARE READING
Alcohol and Cigarette
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature