*Unicode*
စီးကရက်လေးခြေထောက်ခေါက်တာကို အကြောင်းပြချက်ယူ၍ လူရမ်းကားသည် ကိုယ့်အတန်းကိုယ်မတက်ပဲ စီးကရက်လေးနားတစ်ကောက်ကောက်...မဟုတ်သေးပါဘူး စီးကရက်လေးအားတပွေ့ပွေ့။ ကဲနိုင်လွန်းသူကြောင့် အရှက်သည်းတက်လွန်းသည့် စီးကရက်လေးကပဲ အပြင်မထွက်ပဲ အတန်းထဲသာထိုင်နေရတော့သည်။
ကျောင်းရဲ့နာမည်ကျော်ကြီး စီနီယာကျောင်းသားချောကြီးက ဂျူနီယာအတန်းထဲ ရောက်နေသည့်အခါ မိန်းကလေးယောက်ျားလေးစသည့် အသံတွေဟာ အုံ့အုံ့သောင်းသောင်း။ ထိုလူကတော့ ဘာကိုမှဂရုမစိုက်တဲ့ဟန် စီးကရက်လေး၏ဘေး မိန့်မိန့်ကြီးထိုင်၍နေသည်။
"ကင်မ်ထယ်ယောင်း..."
"ပြောပါ.."
"ခင်ဗျားကိုယ့်အတန်းကိုယ်ပြန်ပါတော့"
"မောင့်အပိုင်ရောလိုက်ခဲ့မှာလား...အဲ့တာဆိုသွားမယ်"
"မလိုက်ပါဘူး ငါစာသင်ရဦးမှာကို..."
"မောင်ရော မင်းနဲ့သင်မယ်လေ"
မျက်ဝန်းတစ်ဘက်မှိတ်ပြကာ ပုခုံသို့ဖက်ကိုင်လာသည့် လက်ဝါးပြင်ကြီး။ တကယ်ပါဘဲ ဒီလူကတော့
" အတန်းမှမတူတာ !"
"မတူဘူးလား"
"အွန်း...."
တွေးဆဆနှင့် အတန်းအတွင်းဝေ့ဝဲလှည့်ပတ်ကြည့်လိုက်ပြီး စာရေးနေသည့်စီးကရက်လေးရဲ့ လည်တိုင်အနား မျက်နှာထိလုမတက်တိုးကပ်လာသည်။ မောင်က ဝင်သက်ထွက်သက် လေတွေကို လည်တိုင်နုနုအပေါ် သိသိရိုက်ခတ်အောင်ပိုပိုသာသာတွေလုပ်ရင်း လူကိုရင်ဖိုအောင်ရမ်းကားပြန်သည်။
"မောင် အတန်းဆင်းခဲ့မယ်"
တစ်တန်းအောင်ဖို့ 2 နှစ်တက်ရသည့်လူကအတန်းဆင်းခဲ့ရင် အသက်သာ အစိတ်(25)ရှိသွားမယ် ကျောင်းကပြီးဦးမှာမဟုတ်။ တကယ် လေသိပ်ကြီးတဲ့ လူရမ်းကားကြီးကို မျက်စောင်းသာပစ်ထိုးပစ်လိုက်သည်။
"မျက်စောင်းထိုးနေရင်တောင်လှတာ မင်းသိရဲ့လား...ငါ့အပိုင် ငါ့ဟာလေး ငါ့အလှလေးဂျွန်ဂျောင်ဂု"
ရဲတက်သွားတဲ့ပါးမို့မို့လေးနှင့် ငုံ့သည်ထက်ငုံ့သွားသော ခေါင်းလုံးလုံးလေး သိပ်လှရက်လွန်းသည့် သက်ဝင်ပန်းချီလေးမို့ စားပွဲပေါ်လက်ထောက်ရင်းသာ ငေးပြီးရင်းငေးပစ်လိုက်သည်။ အရှေ့မှ မျက်ထောင်နီဖြင့်ကြည့်နေသော ဆရာမကို မောင်ဟာလျစ်လျူရှုရင်းပေါ့။
YOU ARE READING
Alcohol and Cigarette
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature