*Unicode*
"အ့!နာတယ်.....ကိုကိုထယ်! လွတ်ဦး!"
ဘုတ်!အင့်!
သေးသေးကွေးကွေးခန္ဓာကိုယ်လေးကို ကားတံခါးနားတွန်းပစ်လိုက်ကာ ဘေးတစ်ဘက်တစ်ချပ်စီကိုလက်ဖြင့်ထောက်ရင်း ပြူးတူးပြဲတဲလေးဖြစ်နေရှာတဲ့ စီးကရက်လေးကို စူးစူးစိုက်စိုက်ကြည့်နေမိတယ်။ နီးကပ်ကပ်မြင်နေရသည့် နီဆွေးဆွေးနှုတ်ခမ်းပါးပါးက အရောင်ထပ်တင်ထားသည်များလား။ လူရမ်းကား သိလိုစိတ်ဖြင့် ခပ်ဆူဆူနှုတ်ခမ်းလေးကို လက်မဖြင့်အသာအယာပွတ်ဆွဲဖြစ်လိုက်သည်။ သို့သော် ထိုနှုတ်ခမ်းလေးဟာ အရောင်အသွေးတောက်ပဆဲ။
"ကိုကို....ထယ်......"
"မပြုံးရဘူး! ငါ့အရှေ့မှာမဟုတ်ရင် ဘယ်သူကိုမှမပြုံးပြနဲ့ မကြိုက်ဘူး စီးကရက်!!!......"
နားရွက်ဖျားလေးစီ တိုးကပ်ကာ ဆိုတဲ့ စကားသံဩရှရှက စီးကရက်လေးကိုမွေးညင်းထောင်စေသည်အမှန်။ ဒီလူရမ်းကားရဲ့အသံက ဘာလို့များဆွဲဆောင်မှုအားသိပ်ပြင်းရသည်လဲ။
"အဲ့တာက..."
"အမိန့်!!!မလွန်ဆန်ချင်စမ်းနဲ့ဂျောင်ဂုကီး!!"
"ဟုတ်ပါပြီ အရင်ဆံုးဖယ်...ဖယ်ပေးဦး နေရခက်တယ်! အင့်!"
ဖယ်ပေးခိုင်းမှပို၍တိုးကပ်လာသည့် လူရမ်းကား။ ရင်အုပ်ကျယ်ကြီးနှင့် စီးကရက်ငယ်ရဲ့မျက်နှာဟာ ထိလုမတက်ဖြစ်နေတာကြောင့် ဘေးသို့မျက်နှာလွဲထားရသည့်အဖြစ်။ ပျင်းရှရှရေမွှေးနံ့တို့က လှိုင်လှိုင်ထကာနှာခေါင်းဝကြည်စယ်လို့နေသည်။ လူရမ်းကားရဲ့ ကိုယ်သင်းနံ့တေကစီးကရက်ငယ်ကို ရင်ခုန်စေသည်မှာ စီးကရက်ငယ်ဝန်မခံ။
သည်လူ ရမ်းကားလိုက်ပံုများ မတော်လို့အိမ်တော်ထဲကလူတစ်ယောက်ယောက်တွေ့သွားရင်ဖြင့် လူရမ်းကားမရှက်သော်ငှား စီးကရက်လေးရှက်သည်။ အရဲစွန့်ကာ လူရမ်းကားရဲ့ ရင်ဘတ်ကိုအသာတွန်းဖယ်ဖို့ကြံရမည်။ဒီပံုတိုင်းသာဆက်နေရရင် လိုရာခရီးလဲသွားမည်မဟုတ်သလို စူးရဲရဲအကြည့်တေကြား စီးကရက်လေးသေရချည်ရဲ့။
ရင်ဘတ်ကျယ်ကျယ်ပေါ် အနက်ရောင်အင်္ကျီစဖြင့်ဖံုးအုပ်နေတဲ့လက်နုနုလေး ရုတ်တရက်ရောက်လာသည့်အခါ လူရမ်းကားမျက်နှာထက် မဲ့ပြုံးကြီးမှာအခန့်သားနေရာယူလျက်။
YOU ARE READING
Alcohol and Cigarette
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature