A & C - 05

2.5K 273 69
                                    

*Unicode *

ညကတည်းက နဂါးထမွှေတာကြောင့် မနက်အလင်းရောင်သဲ့သဲ့ ထွက်လာတဲ့အချိန်မှ ကိစ္စပြီးဆုံးခဲ့၍ ပြန်မအိပ်ဖြစ်တော့။

အညိုနုနုရောင်သမ်းနေသော ကုတင်တက် လှဲချကာလက်တစ်ဖက်ကို ခေါင်းအောက်ခုလိုက်ရင်း
ကိုယ့်နှုတ်တ်ခမ်းကိုပြန်စမ်းကာ အတွေးထဲဝင်လာတာက နီထွေးထွေးအိစက်စက်နှုတ်ခမ်းပါးလျပ်လျပ်ကလေး။ မျက်ရည်ဝေ့တက်နေတဲ့ မျက်ဝန်းအိမ်တွေဖြင့် သူ့အနမ်းအား ငြင်းဆန်နေပုံကို မြင်ယောင်ရင်း ကင်မ်ထယ်ယောင်းအပြုံးတို့က ရပ်တန့်မရအောင်ပင် ပါးတွေခွက်ဝင်နေခဲ့သည်။

"အမှန်တိုင်းပြောရရင်တကယ်ချိုတယ်။ သောက်နေကျစီးကရက်တွေလို ခပ်ပြင်းပြင်းစုပ်ယူမိရင် ပြင်းရှရှအရသာက လုံးဝ နိဗ္ဗာန် !! "

မနက်စာစားရင်တွေ့ရမယ့် မျက်နှာလေးမှာ နှုတ်ခမ်းပေါက်ရာလေးနဲ့အတူ မျက်စောင်းပိစိလေးကိုပါမြင်ရဲ့အရေး ရင်ခုန်လို့နေရသည်။

"မုန်းလိုက်တာ!! ဒီကောင်ကြီးကို ရင်ခုန်အောင်လုပ်လို့ စောက်ရမ်းမုန်းတာဘဲ"

မုန်းသည်ဆိုကာ ရှိသမျှသွားတန်းညီတွေ အအေးပတ်အောင် ဖြီးနေသည့် လူရမ်းကားမှာနားလည်ရခက်လွန်းပါရဲ့။

လက်ကနာရီကိုတစ်ချက်ကြည့်လိုက်တော့ 6:43AM ။ သူ့အတွက်ဒီနေ့မှအချိန်တွေက တကယ်နှောင့်နှေးလွန်းနေသသည်။ မရှည်တော့သည့်စိတ်ကြောင့် အောက်ထက်ဆင်းဖို့သာ ဆုံးဖြတ်လိုက်သည်။

မြင်ချင်လှပြီ။ သူ့ကိုမြင်တာနဲ့ မနေ့ညကအနမ်းကိုသတိရပြီး အရှက်သည်းကာရဲတက်သွားမည့်မျက်နှာလေး။ သူ့ရမ်းကားမှုကြောင့် စိတ်အလိုမကျကာ ထိုးလာမဲ့မျက်စောင်းပိစိလေးကိုရော။

သူဆင်းလာတာမြင်သည်နှင့် အိမ်အကူတွေမှာ ပြာပြာသလဲခေါင်းငုံ့နေကြသလို တချို့ကလည်း အံ့ဩသလိုကြည့်နေကြပြန်တယ်။ ပုံမုန်ဆို နေလည်လောက်မှနိုးသည့် သခင်လေးက 7 နာရီမထိုးသေးဘူး နိုးလာခြင်းကြောင့်ပင်။

"သခင်လေး morning !"

အပြုံးလေးဖြင့်လာနှုတ်ဆတ်သော ဦးဂျွန်ကိုခေါင်းအသာငြိမ့်ပြကာ မျက်ဝန်းအစုံက စူးစိုက်ကာ အောက်ထက်တစ်ခုလုံးအား ဝေ့ဝဲကြည့်သော်လည်း စီးကရက်လေးနှင့်တူတဲ့ အရိပ်တစ်စပင်မတွေ့တာကြောင့် ကြည်လင်နေတဲ့စိတ်ပင် ပျောက်သွားရသည်။

Alcohol and CigaretteWhere stories live. Discover now