*Unicode*
သိလိုစိတ်ပြင်းပြလွန်းတာကြောင့် ဂျွန်ဂျောင်ဂုတစ်ယောက် အပေါ်ထပ်ပြတင်းပေါက်ရဲ့ လိုက်ကာစအကွယ်နေရာကနေ ကင်မ်ထယ်ယောင်းတို့ပျော်ပါးနေကြရာ ရေကန်ဘက်ဆီကို ချောင်းချောင်းကြည့်ရတာအမော။
လူရမ်းကားကပျော်နေတာ။
အယ်ကိုဟောတစ်ခွက်ရယ် စီးကရက်တစ်လိပ်ရယ် bikini girl များကြား Bathrobe တစ်ထည်ဖြင့် ဖွင့်ထားပါသည့်သီချင်းသံများကြား စီးချက်ညီညီ လှုပ်ရှားနေပုံက နတ်ဘုရားတစ်ပါးလို သိပ်ချောနေပြီး အရှိန်အဝါလည်းသိပ်ကြီးသား။ သွားစွယ်တွေပေါ်အောင် တစ်ချက်တစ်ချက်ပြုံးလာခဲ့ရင် ရင်ဘတ်ထဲဖိုသိုဖတ်ကြီးဖြစ်ဖြစ်သွားရသည်။*ဒေါက်! ဒေါက်*
ရုတ်ချည်းထွက်လာတဲ့ တံခါးခေါက်သံကြောင့် ကိုယ်လေးတစ်ချက်တုန်တက်သွားရသည်။ လန့်သွားတဲ့အခါ ရင်ဘတ်ပေါ်လက်တင်မိပြီးသား။
တံခါးဖွင့်ပေးလိုက်တော့ နို့တစ်ခွက်နှင့်ရပ်သည့် အိမ်အကူအစ်မတစ်ယောက်။ နေပါဦး...ကိုကိုထယ်ပြောတော့ Banana milk ဆို အခုကနွားနို့ကြီးမဟုတ်လား။
မောင့်စီးကရက်သည် နှုတ်ခမ်းသည်ဆူမိချေပြီ။ မျက်ခုံးတွေတွန့်ချိုးကုန်သည်။
"နို့နဲ့ ငှက်ပျောသီးကိုသေချာဖျော်ထားတာ ဂျောင်လေး။
readymade ဗူးတွေက ကျန်းမာရေးအတွက်မကောင်းဘူးတဲ့ ကိုယ်တိုင်ဖျော်ပြီးသွားပို့လိုက်ပါလို့ သခင်လေးကမှာထားလို့ပါ""ဟုတ်လား...ဂျောင်လေးကနွားနို့တွေ ထင်သွားတာ "
"အဲ့တာကြောင့် နှုတ်ခမ်းလေးဆူလာတာပေါ့လေ"
"ဟာ...မမချွဲယွန်း ဂျောင်လေးနှုတ်ခမ်းမဆူထားပါဘူးနော်"
"ဆူထားပါတယ်"
"မမနော်"
"အမလေးတော် မျက်စောင်းကြီးတော့မထိုးလိုက်ပါနဲ့ ကျွန်တော်မျိုးမ မစတော့ပါဘူးရှင့်"
ချွဲယွန်း စကားကြောင့် ဆူပုတ်ထားတဲ့မျက်နှာလေးက မျက်ဝန်းဝိုင်းဝိုင်းကြီးတွေမှိတ်ကျကုန်သည်အထိ ပြုံးတက်လာပြီး ရယ်သံလွင်လွင်လေးတွေက သာသာယာယာလေး ထွက်ပေါ်၍လာသည်။
YOU ARE READING
Alcohol and Cigarette
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature