*Unicode*
စီးကရက်လေးအား ဘယ်လောက်ပဲစိတ်မချဘူးပြောပြော နဂိုဗီဇအကျင့်ဆိုးအရ စီးကရက်လေးအားထားခဲ့ပြီး နေ့လည်ပိုင်း ဂျီဝန်းနဲ့အတူ ကျောင်းလစ်ကာ မောင်လူရမ်းကားဟာ club သို့။
Alcohol နဲ့ Cigarette ကိုတွဲဖက်မသောက်ရတာ အတော်ကြာပြီဖြစ်၍ အရသာက သောက်လိုက်တိုင်း လူကိုရှယ်လွင့်နေစေသယောင်။ မီးရောင်စုံအောက် မလုံမလဲအဝတ်အစားများဖြင့် ခန္ဓာကိုယ်အားယိမ်းနွဲ့ကာ DJ ရဲ့ Beat သံတွေအောက် စည်းချက်ညီညီယိမ်းကနေသော ကောက်ကြောင်းလှလှနတ်မိမယ်တွေနဲ့ မကစားရသည်လဲ တော်တော်ကြာပြီမဟုတ်လေလား။
ကင်မ်ထယ်ယောင်းဟာ ဂျွန်ဂျောင်ဂုဆိုသောအပိုင်လေးကို ခဏတာမေ့ဖျောက်၍ ဒီနေ့ပျော်ပါးပစ်မည်မှာ ညည့်နက်တဲ့အထိဟူ၍ တေးထားသည်။ အကောင်ထည်ဖော်ဖို့ လုပ်ငန်းစရန် အယ်လ်ကိုဟောအနည်းငယ်ပါသော လေးထောင့်ဖန်အပုခွက်အားကိုင်ကာ ဘယ်တုန်းကလဲထားမှန်းမသိတဲ့ အနက်ပေါ်ငွေမျှင်ရောင်အကြောင်းများပါသည့် Suit အားအောက်ခံအင်္ကျီမပါပဲ မို့မောက်မောက်ရင်ဘတ်အား ဖော်ပြထားပုံမှာ အသက်အလတ်ပိုင်းအမျိုးသားတစ်ယောက်ပမာ။
တကယ်က uni နောက်ဆုံးနှစ်ကျောင်းသား။လည်တိုင်မှ ယုန်ကိုက်ရာအကြီးကြီးကြောင့် ပို၍ Hot လွန်းနေသော ကျောင်းသားပါလေ။
မင်းသာမျက်လုံးအားကောင်းမယ်ဆိုရင် ခန္ဓာကိုယ်လှုပ်ရှားလိုက်တိုင်း တစ်ချက်တစ်ချက်ပေါ်သွားသော ဘယ်ဘက်ရင်အုံမှ သွေးစို့နေသော ကိုက်ရာကို မြင်နိုင်လိမ့်မည်။
"Oh ! Sorry...."
ရုတ်တရက် အရှေ့တည့်တည့်ရောက်လာသည့် ခပ်လှလှအမျိုးသမီးတစ်ဦးက ထယ်ယောင်းကိုဝင်တိုက်မိ၍ တောင်းပန်စကားဆိုလာသည်။
"ကိစ္စမရှိပါဘူး မဒမ်"
"တစ်ယောက်တည်းလား Man"
ထယ်ယောင်း၏ရင်အုံထက်လက်တင်ကာ ရဲရဲတင်းတင်းကြည့်ကာ တိုးတိုးလေးဆိုလာသည်။ သိပ်လှသောအမျိုးသမီးတို့အား သဘောမကျပါဘူး ဆိုလျှင်လိမ်ရာကျမှာပေါ့ တင်ကြီးရင်ကြီးမိန်းမသားအား ယောက်ျားသားတစ်ယောက်ဖြစ်သည့်သူက သဘောကျတာမှအလွန့်အလွန်ပင်။ ဒါဆိုဖြောင့်တန်းနေသော မျက်ခံုးတန်းတို့က အဘယ်ကြောင့် တွန့်ချိုးသွားရသည်လဲ ဆိုလျှင်.....
YOU ARE READING
Alcohol and Cigarette
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature