*Unicode*
မြူခိုးတို့အုံ့ဆိုင်းလာပြီဖြစ်တဲ့ ညနေခင်းပိုင်းမှာ ဆိုင်ကယ်တစ်စီးဖြင့် စီးကရက်လေးအားလိုက်ရှာနေသူမှာ အေးစိမ့်နေသောလေများကြား ပူလောင်၍နေသည်။
ထွက်သွားတာ။
ဒီကောင့်ထံခစားရမဲ့ သက်ရှိစီးကရက်က တကယ်ကြီးစိတ်ဆိုးပြီးထွက်သွားတော့ ဒီလူကပဲ ခယပြီးချော့ရတော့မည်။
ဒီလူ့အပိုင် နှုတ်ခမ်းရဲရဲလေးက ဒီကောင်ကြီးနှုတ်ခမ်းထက်မှာ စီးကရက်တစ်လိပ်သဖွယ် စုပ်ယူခြင်းခံရမှာ တစ်သက်လုံးစာမို့ ဝေးဝေးပြေးထွက်လို့မရစေရဘူး။ ဒီကောင့်လောင်းရိပ်အောက်ကနေ ထွက်သွားလို့မရစေရဘူး။စိုးရိန်ပူပန်ခြင်းဆိုတဲ့ ခံစားချက်နှင့် ထားသွားပြီဟူသောအသိတွေကို မခံစားဖူးသူ လူရမ်းကားအတွက် ပူလောင်စေသည်မှမတရား။ လှလွန်းတော့လည်း ဒီကောင့်ကြီးစီက ဆုန်ကန်ထွက်သွားမှာလည်းသိပ်ဆိုးရသည်။
လီဗာကို အဆုံးထိတိုးကာ လေအလျင်သဖွယ် လမ်းမထက်က များစွာသောကားတွေကို ပိုင်ပိုင်နိုင်နိုင်ရှောင်ကွင်းသွားနေတဲ့ မောင့်ကကျွမ်းကျင်သူတစ်ဦးအလားဘဲ။ ပူလောင်မှုကို ရင်ဝယ်ပိုက်ထားပြီး ဆိုင်ကယ်မောင်းနှင်နေတဲ့ လူငယ်လေးဟာ မည်သို့ကြောင့်များ နီရဲနေသောမျက်ဝန်းအိမ်မှ ငွေ့ရည်စက်တစ်ချို့ယိုဖိတ်နေသနည်း။
နာရီပိုင်းလေးပါ။
ဒီကောင့်ကြီးအရိပ်အောက်ထွက်သွားတဲ့ နာရီပိုင်းအတွင်း ဘယ်အကောင်တွကိုပြုံးပြထားပြီလဲ ဘယ်အကောင်တွေကများ ပုလဲဥခိုတွဲနေတဲ့ ရွှန်းရွှန်းစားစားမျက်ဝန်းကြီးတွေကို မြင်ခွင့်ရသွားပြီလဲ။ အတွေးနဲ့တင် သွေးထတက်ချင်စရာသိပ်ကောင်းသည်မို့ ဆိုင်ကယ်လက်ကိုင်ပေါ်မှ လက်တွေက အကျောများပင်ထောင်လာသည်အထိ တင်းကြပ်ကာနေသည်။မီးတောင်တစ်ခုလို ပေါက်ကွဲထွက်မတက် ချော်ရည်ပူဆိုတဲ့ ဒေါသတွေဟာ ထိန်းချုပ်ထားရသည်မှာ သိပ်ခက်ခဲသည်။
ရောက်သွားတတ်မဲ့နေရာအစုံသွားရှာသော်လည်း သူ့အပိုင်လေးနဲ့တူတဲ့ အရိပ်ကလေကအစအနတောင်မတွေ့။
တကယ်ဘဲ ဘယ်သူ့အားကိုးနဲ့ဘယ်ကိုထွက်သွားတာလဲကွာ။
YOU ARE READING
Alcohol and Cigarette
FanfictionWait!!.... Wait!! Alcohol and cigarettes are bad for health. Vkook// Mature