A & C - 06

2.1K 249 96
                                    

*Unicode*

စိတ်ပျက်လက်ပျက် တံခါးဘောင်ကိုအမှီပြုရင်း စားပွဲပေါ် ဘောပင်တစ်ချောင်းနှင့်တတောက်တောက်ထုနေသည့်သူသည်
တစ်ကျောင်းလုံး၏ အချေတော်ကင်မ်ထယ်ယောင်းပင်။

အတန်းထဲဝင်လာကတည်းက တည်တင်းသည်ထက်ပို၍ တည်တင်းနေသောမျက်နှာထားကြောင့် တစ်ခုခုအလိုမကျလာမှန်း သိသာလှသည်။

"ထယ်ယောင်းမင်းမျက်နှာကြီးကကွာ...."

"ငါ့မျက်နှာက ဘာဖြစ်နေလို့လဲ...စိတ်ကကြည်နေတာမဟုတ်ဘူးနော်ဂျီဝန်း..."

"အဲ့မယ် ဘယ်အချိန်ကများ မင်းစိတ်ကကြည်ဖူးလို့လဲ...တကယ်ပဲ။ ဒါနဲ့ ထယ်ယောင်းဟိုလေ...ဂျောင်ဂုကီး.."

ဂျောင်ဂုကီးဆိုသည်နှင့် ပို၍ခက်ထန်လာတဲ့ ထယ်ယောင်းမျက်နှာဟာ ပေါက်ကွဲမတက်။

"ဟျောင့်!...မင်းကကွာ အဲ့လိုကြီးမကြည့်စမ်းနဲ့ကျောချမ်းတယ်။ နာမည်လေးခေါ်မိတာကိုဖြစ်ပျက်နေတာပဲ "

"ငါကဘာဖြစ်နေလို့လဲ!"

"ဂျယ်လီနင်နေတဲ့ပုံပေါက်နေတာလေ"

"ဘာကိစ္စနင်ရမှာလဲ ဂျွန်ဂျောင်ဂုကငါ့ညီလေးပဲကို..အဓိပ္ပါယ်မရှိတာ!"

"ညီလေး?...Are you sure bro !"

"Of course..."

မျက်ခုံးပင့်ကာသေချာတယ်ဆိုသော မျက်နှာဘေးနဲ့ထယ်ယောင်းရယ်ပါ။

"အိုခေ ယောက်ဖ"

"ပတ်ဂျီဝန်း !!!"

ကျယ်လောင်တဲ့ဒေါသပါဝင်သော အော်သံကြီးက ယောက်ျားဆန်ဆန်ဟိန်းထွက်လာသည့်အခါ အတန်းထဲမှလူအားလုံးရဲ့အကြည့်တွေသည် နောက်ဆုံးတန်းက ကင်မ်ထယ်ယောင်းနှင့်ပတ်ဂျီဝန်းထံ ဆိုက်ရောက်လာသည်။

"ရား! လန့်လိုက်တာထယ်ယောင်းရာ! ဘောမို့ အဲ့လောက်အော်ရသလား...."

"မင်းကရော ချီးမို့ယောက်ဖလာခေါ်နေလား!"

"မင်းညီဂျောင်ဂုကိုငါယူလိုက်ရင် မင်းကငါ့ယောက်ဖပဲလေနော်"

"ပတ်ဂျီဝန်း!!မင်းကိုငါတကယ်သတ်မိတော့မယ်!"

မျက်ခုံးနှစ်ဖက်ထိလုမတက်ကြုံ့ကာ အံ့ကြိတ်သံကြီးနဲ့ဆိုရင်း စာအုပ်နဲ့ကောက်ပေါက်သည်မို့ ဂျီဝန်းတစ်ယောက်ပတ်ရှောင်ရင်း အိုးလန်ခွက်လန်အော်ရယ်မိပါသည်။

Alcohol and CigaretteWhere stories live. Discover now