(Part-2)

739 67 6
                                    

"သူနာပြု မမ"

ယင်းယင်းဟူသည့်ကျွန်မ ခြံနောက်က ပိတောက်ပင်ပေါ် အမှတ်မရှိ ထပ်တက်ကာ သစ်ပင်ဂွထဲ စာထိုင်‌ဖတ်နေသည်။

မမမူယာကိုတွေ့လျှင် ပျော်ရသည်။ မှိုရသည့်မျက်နှာပေး တဖန်နွားပွဲစားစတိုင်လဲဖြစ်တတ်ပါသေးသည်။ ဒါ့အပြင်အမြဲလိုလို ရင်ထဲက တလျပ်လျပ်နှင့် ခုန်နေသည့် ခံစားချက်ကိုလဲ ကျွန်မခံစားရတတ်သည်။

ပြောရလျှင် ဆယ့်ခြောက်နှစ်ကလေး မယင်းယင်းအတွက်တော့ ယခုလိုခံစားချက်အား မမမူယာနှင့်မှ ကြုံနေရသည်။ ရွယ်တူယောင်္ကျားလေးအပေါ်လဲမကြိုက်၊ တစ်ခါမှလဲ အချစ်အကြောင်းမတွေးဘူးသည့် ဆယ်ခြောက်နှစ်အရွယ် မျောက်မလေးဟာ မမမူယာလက်ချက်နှင့် အချစ်ဦးလေးရရှိပြီသာဖြစ်သည်။

ဒါကြောင့် မမမူယာဟာ ကျွန်မ၏ အချစ်ဦး။

ဒီတော့ အချစ်အကြောင်း မကြုံဘူးသည့် ကျွန်မဟာ ယခုအားတုံးလေး ချစ်ရေးချစ်ရာ အဖြာဖြာဆိုသည့် စာအုပ်ကြီးအား သည်းကြီးမဲကြီး ဖတ်နေသည်မှာ နှစ်လနီးပါပင်ရှိလုပြီဖြစ်သည်။ ဒီစာအုပ်ထဲတွင်တော့ အကြောင်းအရာများစုံသည်။

မြောင်းဖောက်နည်း၊ ပိုးပန်းနည်း၊ ရေစီးကမ်းပြို ဆည်ကျိုးနည်း၊ မျက်စိလှုပ်နည်းမှအစ အ၀တ်အစား စိတ်နေစိတ်ထား..အိုး စုံတာမှတော်တော်ကို စုံလွန်းလို့ သချာ်ခေါင်းနှင့် ကျွန်မတော့ အချစ်သီအိုရီတွေကြား လည်နေပြီဖြစ်သည်။

အိုး ဒါကတမျိုးပဲ။

'သူမ ကြိုက်‌ေသာအကျီမှအစ သူမကြိုက်သော အရာများအား စိတ်၀င်စားပြပါ' တဲ့။

"အိုး ဒါတော့သေချာတယ် ဒါတော့လုပ်နိုင်မှာပါ"

ဟုအားရစွာပြောကာ မှတ်စုစာအုပ်ထဲ ချမှတ်ကာ မမမူယာအား သွားမေးမည်လုပ်တုံး အပင်အောက်ကနေ မမမူယာ၏အသံလေးအားြကားလိုက်ရသည်။

"ကလေး ယင်းယင်း ပြုတ်ကြရော့မယ် ဖြေးဖြေးဆင်းခဲ့"

အိုး ကျွန်မရှိရာ အပင်ဂွထဲ လှမ်းကြည့်ကာ ခေါ်နေသည့် မမမူယာဟာ တကယ့်ကိုနေမင်းကြီးနှင့်တူပါသည်။ မြင်လိုက်ရသည်နှင့်ကို အရွက်တွေကြွေနေသည့် ပိတောက်ပင်ကြီးကပင် ပိတောက်ဖူးတွေပွင့်လာသလိုပင်။

ᴍʏ(MY)Where stories live. Discover now