(Part-8)

288 20 2
                                        

-မမ၏ငယ်ငယ်မို့-

"စိတ်အလိုကိုလိုက်ကာ ငယ်သူမို့ မသိတတ်ခဲ့ပါ~"

ကပ်ဆက်မှ ဖြေးဖြေးမှန်မှန်ထွက်ပေါ်လာသော သီချင်းသံနှင့်အတူ ကိုယ်လုံးပေါ်မှန်ဘီရိုရှေ့ရပ်ကာရပ်ကာဖြင့် အလုပ်ရှုပ်နေသော မိန်းကလေးတစ်ဦး‌ရှိလေသည်။

မြန်မာဝတ်စုံများအား ကုတင်ပေါ်တင်ထားကာ တစ်စုံပြီးတစ်စုံ ကိုယ်နှင့်ကပ်ကြည့်လိုက် နောက်တစ်စုံထပ်ကပ်လိုက်ဖြင့် အကျီရွေးနေသော သူမအဖို့ ယနေ့မနက်မှာ စာအုပ်ထဲက အကြံအား အကောင်အထည်ဖော်နေခြင်းပင်ဖြစ်သည်။

စာအုပ်ထဲမှ နည်းလမ်းမှာ ထိုသူနဲ့အတူ အပြင်သို့အလည်တစ်ခေါက်ထွက်၍ စကားများများပြောရန်ပင်ဖြစ်သည်။ ထို့ကြောင့် ယ‌ေန့မနက်တွင် မိယင်းယင်းတို့ မမမူယာ လက်ကလေးချိတ်ကာ မြို့ထဲအလည်အပတ်သွားမည်ဖြစ်သည်။

"အို မိယင်းယင်း အကျီတွေလဲပွရှုပ်နေပြီ အခုထိ ရွေးလို့မပြီးသေးဘူးလား"

အိပ်ခန်းထဲ ဝင်လာကာ ရှုပ်ပွနေသော အကျီများအား ကောက်သိမ်းရင်းအမေမှ မနက်ခင်းဓလေ့အား စတင်လုပ်ဆောင်ပြီဖြစ်သည်။

"အို အန်တီကလည်း ယင်းယင်းတို့ကလှချင်တာကိုး။ ဒါနဲ့လေ ဒါလေးပဲဝတ်ရင်ကောင်းမလား"

"မဆိုးပါဘူး ပုလဲလည်ဆွဲလေးဝတ်သွား ပျောက်လာလို့ကတော့ မူယာတို့အိမ်သွားနေရမယ်သာမှတ်"

"ဟယ် ဒါဆို ခုချက်ချင်း သွားဖျောက်တော့မယ်"

"မိယင်းယင်း!"

×××

-မနက်၉နာရီခန့်

သည်လိုနှင့် ပုလဲလည်ဆွဲကလေးဆွဲ အဝါရေယင်ဝမ်းဆက်ကလေးဝတ်ကာ ဆံပင်ကို ကျစ်စမြီးကျစ်လျက် ထွက်လာခဲ့တော့သည်။

ထို့နောက် အိမ်မှ မြို့ထဲသို့ မမမူယာ၏ ကားအဝါကလေးဖြင့် ခရီးဆက်လိုက်သည်။ မမမူယာသည် ယနေ့တွင် ဝမ်းဆက်နီညိုရောင်ဝတ်ထားသဖြင့် ယင်းယင်း၏ စိတ်ထဲ၌ အနည်းငယ်ရှိန်နေသည်။

တည်ငြိမ်ရင့်ကျက်သော မမတစ်ယောက်၏ အရှိန်အဝါတို့ကြောင့် မိယင်းယင်းတို့ ရင်တုန်မိသည်မှာအမှန်ပင်ဖြစ်သည်။

ᴍʏ(MY)Where stories live. Discover now