(Part-7)

249 22 0
                                        

"ညအခါလသာသာ"

လေညှင်းလေးများ တိုးဝေ့သွား၍ လှုပ်ခတ်သွားသော ‌သစ်ရွက်ကြွေများသည် ကတ္တရာလမ်းမကြီးထပ် သက်ဆင်းကျလေသည်။

"ရွှတ်ရွှတ်"

"ဟူး ခက်တယ် ခက်တယ်"

ညအချိန် ထိုကတ္တရာလမ်းမကြီးထပ် တံမြက်စည်း‌ လှည်းနေသော မိန်းကလေးတစ်ဦးသည် တံမြက်စည်းအား အားထည့်ကာ တရွှမ်းရွှမ်းဖြင့် လှည်းလိုက် အားလျှော့ကာ တရွှတ်ရွှက် မြည်အောင်လှည်းလိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။

ထို့နောက် လမင်း၏ အအေးဓာတ်နှင့်အတူ လမ်းမီးတိုင်ကြီး၏ ဝါကျင်ကျင်မီး‌ေရာင်အောက်သို့ရောက်သောအခါ မ‌ရည်ရွယ်ပဲ လမင်းကြီးအား မော့ကြည့်နေမိသည်။

ထိုချိန်တွင် ယင်းယင်း၏ အတွေးထဲ၌ မမမူယာ၏ စကားတို့အားပြန်လည်ကြားယောင်နေမိသည်။

'အဲ့ကလေးက ချစ်စရာလေးတဲ့'

"အို သူ့ဟာသူ ချစ်စရာကောင်းပါစေ ငါ့လောက်တော့ ချစ်စရာကောင်းမယ်မထင်ပါဘူး... ဒါပင်မဲ့ မမမူယာက အဲ့ကလေးကချစ်စရာလေးတဲ့"

ကျွန်မ၏ အတွေးထဲတွင် မမမူယာ ချီးကျူးသော ထိုသူအားမြင်ချင်စိတ် အတော်ကိုပြင်းပြနေသည်။ ဘယ်လောက်တောင် ချစ်စရာကောင်းလို့ မမမူယာကချစ်စရာကောင်းတယ်ပြောနေသလဲဆိုတာကို သိချင်သည်။

"တော်တော်ကိုဆိုးတဲ့ မမမူယာ"

"ရွှမ်းရွှမ်း"

အိမ်၏ဝရန်တာမှ တစ်ဖက်လမ်းမအား ရပ်ကြည့်ကာ ပုတီးစိတ်နေသော အမျိုးသမီးတစ်ဦးသည် သူ၏ပါးစပ်မှ အရဟံရွတ်‌ေနရမည့်အစား မီးတိုင်အောင်က ပုံရိပ်လေးအားငေးကာ စိပ်ပုတီးစိတ်ခြင်းအမှုအား မေ့လျော့‌နေလေသည်။

ဤသည်ကို အဖေဖြစ်သူသည် ဆက်မကြည့်နိုင်တော့၍ထင်သည်။ အနားသို့ရောက်လာကာ သမီးဖြစ်သူလက်ထဲမှ ပုတီးအားဆွဲယူပြီးအိမ်အပြင်သို့ခေါ်ထုတ်ကာ သူကတော့အိမ်ထဲပြန်ဝင်လာခဲ့သည်။

"ခေတ်လူငယ်တွေများ တယ်ခက်ပါလား တစ်ယောက်ကလည်း ညကြီးတံမြက်စည်းထလှည်း တစ်ယောက်က‌လည်း ဘုရားတရားပါမေ့ ကောင်းချက်ပဲဟေ့"

ᴍʏ(MY)Where stories live. Discover now