(Part-4)

587 63 4
                                    

"မင်းချစ်မှ ချစ်ပါ့မလား"

ယင်းယင်းတို့ အချဉ်တွေ အားရပါးရစားပြီးနောက် မမမူယာ၏စေတနာ အလုံးအရင်းကြီး၏ ဒဏ်ကို တ၀တပြဲရွှေအိမ်သာဆီအရောက်လှမ်းရင်း အစွန်းထွက်အမြတ်ကလေးများအား ဖြေလျော့ရသည်။

"ကျွတ် ကျွတ် မမမူယာလုပ်တာ နတ်ပြည်တွေပါမြင်ကုန်ပြီ"

ကျွန်မ အိမ်အောက်ထပ်သို့ဆင်းလာကာ ပဲကြီးလှော်ဝါးနေသော မာမီ့အနား ၀င်ထိုင်ရင်း ဗိုက်ကိုနှိပ်ရင်း ဒီလိုငြီးတော့ မာမီရဲ့ထုံးစံအတိုင်း

"ညည်းကိုက ဘယ်သူမှမကျွေးပဲတစ်ထိုင်ထဲစားတာကိုး မိယင်းယင်းရဲ့ ခုတော့ဖြစ်ပြီမလား"

ဟူသည့်အမေ့၏ ပဲကြီးလှော်ဝါးသံရောနေသော စကားအောက်တွင် ယင်းယင်းတစ်ယောက် ငြိမ်ကျသွားရသည်။

"ဟုတ်သားပဲ...ပဲကြီးလှော်စားမယ်နော်"

"မရဘူး လုံး၀မရဘူး"

ဟုဆိုကာ လက်လှမ်းနေတုံးရှိသေးသည့် ကော်ဘူးလေးကို မာမီကဇွက်ကနဲယူကာထသွားလေသည်။ ဟုတ်တော့လည်း ဟုတ်သည်လေ...။

မမမူယာ၀ယ်‌ေကျွးတာဆိုပြီး သွားတွေကြွေကျမတက် အချဉ်တေ‌ွစားပြီးမှ ပန်းကမ္ဘာထဲက ခုမှပြန်ထွက်လာနိုင်တုံး‌ေလး ရှိသေးသည်။ ပဲကြီးလှော်ပါ ထပ်ဝါးလျှင် ယင်းယင်းတို့ ‌ပက်ကျိလိုမျိုး ပျော့ပြဲသွားအုံးမည်။

'အိုကွယ် ဒါတွေအသာထား'

တွေးကြည့်မှ မမမူယာကို သတိရသွားသည်။ ဒီရက်ပိုင်းပျောက်နေသည်မှာ ကျွန်မတို့ဆီလာကို မလည်သေး။ ပန်းကမ္ဘာထဲရောက်နေတာတောင် မမမူယာသိမည့်ပုံကို မပေါ်‌ပါ။

တစ်ခါတလေများကျတော့လည်း ‌ဗိုက်မနာတဲ့အချိန် အတွေးသမားလေးပီပီ အိမ်နောက်က သစ်ပင်ဂွထဲထိုင်ရင်း မမမူယာအကြောင်း တွေးဖြစ်သည်။

ပန်းသီပင်က ပန်းသီးကြွေတာကို မြင်ပြီး သီအိုရီထုတ်လိုက်တဲ့ ဆာနယူတန်လိုမျိုး ကျွန်မဖြင့်လည်း သစ်ရွက်ကြွေတာကြည့်ပြီး မမမူယာအကြောင်း သီအိုရီထုတ်ပစ်ချင်တာအရမ်းပဲ။

ဉပမာ..မူယာ အပေါင်း ယင်းယင်း၊ ညီမျှခြင်း အသည်းလေး။ အဲ့လိုမျိုးလေးပေါ့။

ᴍʏ(MY)Where stories live. Discover now