(Part-6)

691 52 9
                                    

"ရေဒီယိုအိမ်မက်"

လပြည့်နေ့ဟာ မီးတိုင်ကြီးကြောင့် ကြည်ကြည်နူးနူးလေးဖြစ်ခဲ့ရသည်ဟု ဆိုရပါလိမ့်မည်။ ထို့နေ့တွင် မမမူယာ၏ရင်ခွင်ဟာ နွေးသည်။ တစ်သက်တာ ခို၀င်မိချင်သည် ဖြစ်ရသည်အထိ။

မနက်ခင်းနေ‌ဟာ ပြတင်းပေါက်မှတဆင့် အိပ်ခန်းထဲကို တိုးတိတ်စွာနှင့်၀င်ရောက်လာလေသည်။ ယင်းယင်းတစ်ယောက် အိပ်ယာထဲမြှုပ်နေရင်း နေလုံးနီနီကိုငေးရင်း‌မှိန်း‌ေနမိသည်။ ထိုစဉ်...

"ဒေါက် ဒေါက်"

"ကလေးနိုးပြီလား" ဟုဆိုကာ အခန်းထဲဖြေးဖြေးခြင်းမမမူယာ၀င်လာ‌သည်။ ထိုချိန်မှာပဲ ယင်းယင်းတို့မျက်လုံးကို ဖြေးဖြေးချင်း ပိတ်ပြီး မမမူယာ၏လှုပ်ရှားမှုများကို တိတ်တိတ်လေးငေးနေလိုက်သည်။

မမမူယာဟာ မနက်ခင်းဖြစ်၍ထင်သည် ဆံပင်ကိုမစည်းထား။ အကျီအဖြူ‌ေပါ်ကနေ ဆွယ်တာအကျီခပ်ပါးပါးထပ်၀တ်ထားသည်။ မမမူယာဟာ ရုတ်တရပ် ကျွန်မအနားလမ်းလျောက်လာသည်။ ထို့နောက် ကျွန်မ၏ မျက်နှာကိုငေးကာ စကားတစ်ခွန်းကိုခပ်ဖြေးဖြေးလေးပြောနေသည်။ သို့သော် ကျွန်မ မကြား။ မမမူယာ ဘာအကြောင်းပြောနေသည်လည်း....ကျွန်မအရမ်းသိချင်သည်။

"မမမူယာ..."

•••

"စောစောအိပ်လို့စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ တီးတောင် တီးတောင်"

"ကဲ မယင်းယင်းရေ ထတော့"

"ဟင်"

ချက်ခြင်းဆိုသလို အိပ်ယာထဲမှ ကျွန်မခုန်ထွက်လိုက်သည်။ ထို့နောက်နာရီကိုကြည့်တော့ မနက်ခြောက်နာရီထိုး။ ပြတင်းပေါက်ကမြင်နေရတဲ့ နေဟာလဲ ခုမှတဖြေးဖြေးပွင့်လာသည်။

ဒါဆို...အိမ်မက် မက်နေတာများလား..?

"ကဲ ဉပုပ်ထွက်ပြီဆိုတော့ မျက်နှာသစ် ဘုရားရှိခိုးပြီး မနက်စာသွားစားတော့"

ဟုဆိုကာ အမေက ရေဒီယိုကြီးဘေးဖွင့်ထားခဲ့ပြီး အခန်းထဲမှထွက်သွားလေသည်။ တံခါးပိတ်သံနောက်တွင် ရေဒီယိုက သွေးပူလေ့ကျင့်ခန်းအသံနှင့်အတူ ပြတင်းပေါက်နားသွားပြီး မမမူယာ၏အခန်းဘက်ကိုလှမ်းချောင်းလိုက်သည်။

ᴍʏ(MY)Where stories live. Discover now