"ခြောက်ပေကျော် ခုနှစ်လက်မ"
လပြည့်နေ့၌ ဒေါ်မူယာတို့ စောစောစီးစီးထကာ ဘုရားပန်းလဲသည်။ ဘုရားရှိခိုးသည်။ မေတ္တာသုတ်တွေပွားနေသည်မှာ တစ်စုံတစ်ယောက်အပေါ်မူတည်နေပါသည်။
လူတစ်ယောက်ကို နစ်နဲစွာ ချစ်မိသည့်အခါများတွင် လောကကြီးဟာ လှသည်ဟု မူယာတို့ကြားဖူးပါသည်။ သို့သော် ကလေးအပေါ်ချစ်မိသည့်အခါ သူမ၏ကမ္ဘာဟာ မုန်တိုင်းထန်လိုက် နေသာလိုက်နှင့် ပင်လယ်ကြီးနားရောက်နေသလိုပင်။
ကလေးဟာ ဒေါ်မူယာ၏ လမင်းလေးပင်။
ကလေးဟာ သူမအား လှိုင်းထန်စေသလို အေးချမ်းတည်ငြိမ်မှုတွေကိုလဲ ယူဆောင်လာတတ်သည်။ယနေ့မှစ၍ ကလေးဟာ သူမ၏...။
"မူယာ သမီးရေ အောက်ဆင်းခဲ့ပါဦးကွဲ့"
ဟုသူမ၏ဖခင်ခေါ်သံကြားပြီးနောက် စိပ်ပုတီးကိုလက်မှချကာ ဘုရားခန်းထဲကထွက်လာလိုက်သည်။ ယနေ့ဟာ သူမ၏ဂျူတီမရှိ ဉပုပ်နေ့အတွက် အချိန်ပိုဆင်းပေးပြီးနောက်တွင် သူမနားနေလို့ရပြီဖြစ်သည်။
"အို.."
မူယာ၏ကမ္ဘာဟာ သူမ၏မျက်စိရှေ့တွင် ယောဂီ၀တ်စုံလေးနှင့် ထမင်းချိုင့်ကြီးကို ကိုင်ကာ သူမအားပြုံးပြနေပါသည်။
ခက်လှသည်။ ကလေးတစ်ယောက်ကြောင့် နှလုံးရောဂါ အမြစ်တွယ်သွားလိမ့်မယ်။ ရောဂါနာမည်ဟာလဲ ယင်းယင်းဟူသည့်နာမ်စားကလေး။
"သမီးယင်းယင်းက ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့ရင်း ဉပုပ်ယူမလို့တဲ့ မူယာရေ လိုက်သွားပါလား"
ဟူသောအဖေ့၏ဆော်ဩသံကိုကြားပြီး ဒေါ်မူယာတို့ ပါးစပ်နားရွက်တက်ချိတ်မတက်ပြုံးမိပါသည်။
"သမီး... မူယာ..ဘုန်းကြီးကျောင်းသွားမှာ ဒီလောက်ပျော်စရာလိုသလား"
"ရှင်..အို အဖေကလဲ မူယာက ကုသိုလ်ရတော့မယ်ဆိုပြီးပြုံးမိတာပါ မစပါနဲ့"

YOU ARE READING
ᴍʏ(MY)
Romanceတစ်ယောက်ယောက်ကို သဘောကျနှစ်သက်မိတဲ့အခါ ခံစားချက်ေတွဟာ အဲ့လူအပေါ် မှီတည်နေသလိုမျိုး ကျွန်မရဲ့ခံစားချက်တွေဟာ မမမူယာအပေါ်ပဲ မှီတည်နေပြန်သည်မှာ သဘော၀ပင်လား။ မူယင်း-(MY) (RN: Unicode) #Shung