(Part-3)

597 64 4
                                        

"အချဉ်ပေါင်း အသည်လေး"

ယင်းယင်းတစ်‌ေယာက် ခြံထဲ သူငယ်ချင်းတွေနဲ့အတူ မမမူယာအကြောင်း ရင်ဖွင့်နေရသည်။

မြက်ခင်းစိမ်းပေါ်ဖျာလေးခင်းကာ အရိပ်အောက်ထိုင်ရင်း အလည်မှာ ငံပြာရည်နှင့်သရက်သီးစိတ်လေးများရောထားသည့် ဇလုံကြီးပါ တစ်ပါတည်းရှိနေသည်။

"သိလား ငါကလေ ဒီလိုထွက်သွားတာပါ"

"အေး ငါတော့မသိဘူး ခွက်"

ဆိုပြ‌ီး ထူးထူးအောင်ဆိုသည့်အမြဲထူးနေသော ကျွန်မ၏သူငယ်ချင်း အငတ်ကောင်ဟာ စထိုင်တည်းက သရက်သီးပဲ စိန်ပြေနပြေလာဝါးနေသည်ကိုကြည့်ပြီး စိတ်အခြေနေက အောက်ကိုထိုးကျသွားသည်။

တဖန်ဘေးကိုကြည့်ပြန်တော့လည်း ၀တ္ထုစာအုပ်ကို သည်းကြီးမည်းကြီး ကုန်းဖတ်နေသည့် ၀င်း၀င်းဦးကလေး။ နာမည်နှင့်လိုက်အောင် ၀င်း၀င်းသည် ၀တ္ထုစာအုပ်မြင်လျှင် မျက်စိတွေ၀င်းနေတဲ့အထိကို စာဖတ်ရတာကြိုက်သည်။ ကျွန်မဖတ်နေတဲ့ ဒီစာအုပ်ကြီးကလဲ ထူးထူးနဲ့၀င်း၀င်းက ရွေးပေးလာတာပင်ဖြစ်သည်။

"ခုတော့ကြည့်ရမ်း"

"မကြည့်ဘူး"

ဟု ဘေးက ငုတ်တုတ်ထိုင်နေသည့် နှစ်ယောက်လုံးကပြိုင်တူဖြေလာသည်။

အိုး ဒီလူတွေ ရိုက်ပစ်ချင်တာပဲ။

"နင်တို့ပဲ အဲ့စာအုပ်ဖတ်ခိုင်းတာလေ ခုကြည့်ရမ်း မမမူယာက ငါ့ကိုမခင်တော့ဘူး"

ဟုကျွန်မကပြောတော့ မျက်ဖြူလှန်ပြနေသည့်ထူးထူးနှင့် ၀တ္ထုစာအုပ်ကိုပိတ်လိုက်သည့်၀င်း၀င်း။

နောက်ဆုံးတော့ သူတို့ အကြံပေးတော့မယ်။

"အမမူယာကို ပြန်ပေးဆွဲလိုက်ပြီး တောထဲခေါ်သွား ဂူလိုက်ရှာပြီး ကြက်သားပေါင်းကျွေး မိုးရွာရင်ဖတ်ထား ပိုးဟပ်ကိုဖမ်းပြလိုက် အမမူယာတို့ အရမ်းတွေကြွေသွားမှာ"

"သေချာလို့လားဟဲ့"

"မင်းသမီးဆို ပစ်ကိုကြွေသွားတာပါဆိုနေ ဒီမှာဖတ်ကြည့်"

ဟုဆိုကာ ၀င်း၀င်းက သူ့၀တ္ထုကြီးအတင်းဖတ်ပြနေသည်။ တကယ်ကိုအကောင်းမှတ်နေတာ အခုတော့ မမမူယာကိုပြန်ပေးပါဆွဲရတော့မည်။

ᴍʏ(MY)Where stories live. Discover now